
ယခုနှစ်၏ မယ်စကြာဝဠာပြိုင်ပွဲတွင် ဆော်ဒီအာရေဗျနိုင်ငံကိုယ်စားပြု အလှမယ်ပါဝင်လာနိုင်ဖွယ်ရှိသည်ဟု ပွဲစီစဉ်သူများက ယခုသီတင်းပတ်အတွင်း ပြောကြားခဲ့သည်။
ဖက်ရှင်မော်ဒယ်တစ်ဦးက ၎င်းသည် မယ်စကြာဝဠာပြိုင်ပွဲတွင် နိုင်ငံကိုယ်စားပြုပါဝင်ယှဉ်ပြိုင်ရန် ရွေးချယ်ခံခဲ့ရသည်ဟု အတည်ပြုခဲ့ပြီးနောက် ပွဲစီစဉ်သူများက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
မယ်စကြာဝဠာအဖွဲ့အစည်းသည် လက်ရှိတွင် ဆော်ဒီအာရေဗျ ကိုယ်စားပြုအလှမယ်ဖြစ်လာနိုင်သူအား အရည်အချင်းစစ်ဆေးသည့် လုပ်ငန်းစဉ်ကို တင်းတင်းကျပ်ကျပ် သေချာစွာ စစ်ဆေးဆောင်ရွက် လျက်ရှိသည်ဟု အဖွဲ့အစည်း၏ နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ ညှိနှိုင်းရေးမှူး မာရီယာဂျို့စ်အန်ဒါက ပြော ကြားခဲ့သည်။
“ကျွန်မတို့အနေနဲ့ ဆော်ဒီအာရေဗျဆိုင်ရာ National Director အတွက် ဆုံးဖြတ်ချက်တစ်ရပ်ကိုမ ကြာခင်ချမှတ်ပေးသွားမှာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောကြားခဲ့ကာ မက္ကဆီကိုနိုင်ငံတွင် စက်တင်ဘာလ၌ ပြုလုပ်ရန် စီစဉ်ထားသည့် ပြိုင်ပွဲမတိုင်မီ ဆော်ဒီအာရေဗျအတွက် ကိုယ်စားပြုပြိုင်ပွဲဝင်ရောက်ယှဉ် ပြိုင်ခွင့်ရရှိနိုင်ခြေရှိသည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ဆော်ဒီမော်ဒယ် ရူမီအယ်ကာတာနီက ၎င်းသည် ၂၀၂၄ ခုနှစ်မယ် စကြာဝဠာပြိုင်ပွဲအတွက် ဆော်ဒီ ကိုယ်စားပြုရွေးချယ်ခံရကြောင်း Instagram တွင် မတ်လကုန်ပိုင်း၌ တင်ခဲ့ပြီးနောက် ယင်းထုတ်ပြန်ချက် တစ်ရပ် ထွက်ရှိလာခဲ့ခြင်းဖြစ်သည်။
သီတင်းတစ်ပတ်မပြည့်မီအချိန်တွင် မယ်စကြာဝဠာပြိုင်ပွဲ အဖွဲ့အစည်းက ကာတာနီ၏ ပို့စ်သည်သ တင်းအမှားနှင့် နားလည်မှုလွဲမှားခြင်းဖြစ်သည်ဟု ထုတ်ပြန်ခဲ့ကာ ဆော်ဒီအာရေဗျကိုယ်စားပြုအလှမယ်ကို ရွေးချယ်သည့် လုပ်ငန်းစဉ် မပြုလုပ်ရသေးကြောင်း ဆိုသည်။
မယ်စကြာဝဠာပြိုင်ပွဲတွင် ဆော်ဒီပါဝင်လာမည်ဆိုလျှင် တော်ဝင်မင်းသား မိုဟာမက်ဘင်ဆယ်မန်သည် ကမ္ဘာလှည့်ခရီးသွားများနှင့် ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ရန် ကြိုးပမ်းချိန်တွင် ဆော်ဒီ၏ အလွန် ရှေးရိုးဆန်သော ပုံရိပ်ကို ဖြေလျှော့ရန် ကြိုးစားမှုနောက်ထပ် ခြေလှမ်းတစ်ရပ်ဖြစ်လာလိမ့်မည် ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်