
၂၀၁၉ ခုနှစ်အတွင်း ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေပြန်လည်ဝင်ရောက်ရန် ကျန်ရှိသည့်ကုမ္ပဏီများအနေဖြင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေအရ ပို့ကုန်ရငွေများအား မိမိပို့ကုန်ရငွေ ဝင်ရောက်ခဲ့သည့်ဘဏ်များနှင့် ဆက်သွယ်စာရှင်းလင်းရန် ကုန်သည်စက်မှုအသင်းချုပ်မှတစ်ဆင့် ဆက်သွယ်အကြောင်းကြားထားပြီဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုဝင်ဘာ ၂ ရက်က ထုတ်ပြန်ထားသည်။
ဘဏ်များနှင့်ဆက်သွယ် စာရင်းရှင်းလင်းရန် ကျန်ရှိသည့် ကုမ္ပဏီများအနေဖြင့် ယခုကြေညာသည့်နေ့မှစ၍ သတ်မှတ်ကာ လရက်ပေါင်း ၃၀ အတွင်း စာရင်းရှင်းလင်းခြင်းမရှိပါက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ပို့ကုန်/သွင်းကုန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများအရ လည်းကောင်း၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပါ ပြဋ္ဌာန်းချက်များအရလည်းကောင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြည်ပသို့ ပို့ကုန်တင်ပို့ပြီး ပို့ကုန်ရငွေများကို သတ်မှတ်ကာလအတွင်း မရောက်ရှိသော ကုမ္ပဏီများကို တရားစွဲအရေးယူရန် ပြင်ဆင်နေကြောင်း အောက်တိုဘာ ၇ ရက်က ကျင်းပသည့် နိုင်ငံခြားငွေစျေးနှုန်း မြင့်မားမှုအပေါ် ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်နိုင်ရေး အစည်းအဝေးမှ သိရသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နိုင်ငံခြားငွေ အဝင်/အထွက်စာရင်းများအား အခြေခံ၍ မလိုအားအပ်သော လွှဲပြောင်းပေးချေမှုများအား စိစစ်ခြင်း၊ ဘဏ်များအနေဖြင့် အချက်အလက်များအား စည်းကမ်းနှင့်အညီစစ်ဆေး ဆောင်ရွက်ခြင်း ကိစ္စရပ်များ၊ ပို့ကုန်ရငွေအား ရက် ၃၀ ထက် မကျော်လွန်ရန် စစ်ဆေးစောင့်ကြည့်မှုစနစ်များ၊ အောက်တိုဘာ ၃ ရက်တွင် ထုတ်ပြန်ခဲ့သော အမိန့်ကြော်ငြာစာ အမှတ် (၃၅/၂၀၂၁) အရ ပို့ကုန်ရငွေအားလုံး အကျိုးဝင်သဖြင့် ဘဏ်များသို့ ရောင်းချပေးရန်ကိစ္စများ၊ ဘဏ်များမှရောင်းချပေးခြင်းကို ဝယ်ယူသူများသည် သုံးစွဲရန်မဟုတ်ဘဲ လယ်ဝယ်ထိန်းသိမ်းထားရှိသူများ ဟုတ်မဟုတ် စိစစ်ရန်ကိစ္စများ၊ ပို့ကုန်ရငွေများ သတ်မှတ်ကာလအတွင်း ပြန်လည်မရောက်ရှိသော ကုမ္ပဏီများအား တရားစွဲအရေးယူရန်အတွက် ပြင်ဆင်ဆောင်ရွက်ရန်ကိစ္စများ၊ ရက်ပေါင်း ၃၀ အတွင်း ရောင်းချသုံးစွဲရမည့် ပို့ကုန်ရငွေအား စိစစ်သည့်အခြေအနေများနှင့် စျေးနှုန်းမြင့်တက်ရန်/ထိန်းသိမ်းရန် ဆောင်ရွက်သည်ဟု ယူဆရသော Bank Account များအား စိစစ်ရန်ကိစ္စများ၊ ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေ လိုအပ်ချက်များအတွက် ဘဏ်များသို့ Auction ဖြင့် ရောင်းချပေးခြင်း၊ အစိုးရအဖွဲ့အစည်းများ၏ နိုင်ငံခြားငွေလိုအပ်ချက်များအား ဘဏ်များမှတစ်ဆင့် ဖြည့်ဆည်းရောင်းချပေးခြင်း စသည်တို့ကို ဆွေးနွေးခဲ့သည်။
ပြည်ပသို့ ပို့ကုန်တင်ပို့ပြီး ပို့ကုန်ရငွေများကို ရက်ပေါင်း ၃၀ အတွင်း AD လိုင်စင်ရဘဏ်များသို့ မပျက်မကွက်ရောင်းချရန် ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။
နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၈-ခ၊ ပုဒ်မ ၄၂-က နှင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု စည်းမျဉ်းအပိုဒ် ၃၅ တို့အရ ပို့ကုန်တင်ပို့သူက ပို့ကုန်ရငွေကို ပို့ကုန်တင်ပို့သည့်နေ့မှ သတ်မှတ်ကာလအတွင်း နိုင်ငံတော်အတွင်းရှိ ယင်း၏ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့် မပျက်မကွက်ထည့်သွင်းရမည်ဖြစ်သည်။
ပို့ကုန်တင်ပို့သူများအနေဖြင့် မိမိ၏ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့် ဝင်ရောက်ပြီးဖြစ်သည့် ပို့ကုန်ရငွေအနက်မှ အသုံးမပြုဘဲ လက်ဝယ်တွင် ကျန်ရှိသည့် ပို့ကုန်ရငွေမာျးကို ပို့ကုန်ရငွေဝင်ရောက်ပြီး ရက်ပေါင်း ၃၀ အတွင်း သက်ဆိုင်ရာနိုင်ငံခြားသုံး ငွေရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း AD လိုင်စင်ရဘဏ်သို့ စျေးကွက်ပေါက်စျေးဖြင့် မပျက်မကွက်ရောင်းချရမည်စသည်တို့ကို ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်