
မြန်မာနိုင်ငံ၏ စီးပွားရေးသည် ၂၀၂၁ ခုနှစ်တွင် အာရှတိုက်အတွင်း အပြင်းထန်ဆုံး ထိုးနှက်ခံခဲ့ရသည့် စီးပွားရေးများအနက် တစ်ခုအဖြစ် ကျန်ရှိနေသေးကြောင်း ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်က ထုတ်ပြန်ထားသည့် HIS Markit မြန်မာထုတ်လုပ်မှု PMI အညွှန်းကိန်းများအရ သိရသည်။
“မြန်မာနိုင်ငံ၏ စီးပွားရေးမှာ ၂၀၂၁ ခုနှစ်တွင် အာရှတိုက်ထဲက အပြင်းထန်ဆုံး ထိုးနှက်ခံခဲ့ရသည့် စီးပွားရေးများထဲက တစ်ခုအဖြစ် ကျန်ရှိနေပါတယ်။ နောက်ဆုံး သုံးလပတ်အစက အားကောင်းသည့်ကျဆင်းမှု များကို ညွှန်ပြနေသော်လည်း ကျဆင်းမှုနှုန်းသည် နှစ်ဆန်းမှစပြီး အားအပျော့ဆုံးဖြစ်လာနိုင်မယ့် မျှော်လင့်ချက်လက္ခဏာတွေရှိပါတယ်။ ပစ္စည်းပေးသွင်းမှုဆိုင်ရာ ဖိအားပေး မှုများကို ၂၀၂၂ ခုနှစ်တွင်ပါ မြင်ရဖွယ်ရှိသော်လည်း ကုမ္ပဏီများက နိုင်ငံတကာရှားပါးမှုများမှာ အားပျော့သွားပြီး စျေးနှုန်းမှာ ကျဆင်းလာကာ ဝယ်လိုအားပြန်ကောင်းလာမှာကို မျှော်လင့်နေကြပါတယ်” ဟု စီးပွားရေးပညာရှင် Shreeya Patel က ပြောကြားသည်။
အောက်တိုဘာလအတွင်း မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှု PMI အညွှန်းကိန်းမှာ ၄၃ ဒသမ ၃ ရှိ၍ ပြီးခဲ့သည့် စက်တင်ဘာ၏ PMI အညွှန်းကိန်း ၄၁ ဒသမ ၁ ထက် မြင့်တက်ခဲ့သည်။ သို့သော်လည်း အရေးကြီးသည့် အပြောင်းအလဲမရှိ အမှတ် ၅၀ အောက်သာ သိသာစွာနိမ့်ကျနေကြောင်း ဖော်ပြထားသည်။
အောက်တိုဘာအတွင်း ထုတ်လုပ်မှုစရိတ် ဖောင်းပွမှုမှာ ငါးလအတွင်း အမြင့်ဆုံးဖြစ်လာပြီး မှတ်တမ်းတွင် ဒုတိယအများဆုံးဖြစ်သည်။
ကုန်ကြမ်းများနှင့် ပို့ဆောင်ရေးကုန်ကျစရိတ်များ မြင့်တက်လာခြင်းနှင့်အတူ ငွေလဲနှုန်း ဆိုးရွားလာခြင်းက ထုတ်လုပ်မှုစရိတ်များကို မြှင့်တင်ရန် ဖိအားများဖြစ်လာကြောင်း၊ စက်ရုံများ၏ ရောင်းစျေးများပါ အလားတူအ ရှိန်ဖြင့် မြင့်တက်လာခဲ့ပြီး စစ်တမ်းကောက်ယူမှုသမိုင်းတွင် တတိယအားအကောင်းဆုံး ထိုးတက်မှုဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် အောက်တိုဘာလအတွင်း ဝယ်လိုအားပျော့လာခြင်း၊ ကုန်ကြမ်းရှားပါးမှုနှင့် ကျွမ်းကျင်လုပ်သား မလုံလောက်မှုကြောင့် ထပ်မံထိုးနှက်ခံခဲ့ရကြောင်း သိရသည်။
နိုင်ငံတကာ ကုန်ကြမ်းရှားပါးမှုကပါ မပြီးဘဲကျန်ရှိခဲ့သည့် အလုပ်များ စံချိန်တင်စုစည်းမှုကို ပံ့ပိုးခဲ့ကြောင်း၊ ပစ္စည်းပေးသွင်းရေး ကွင်းဆက်များမှာ ကူးစက်မြန်ကပ်ရောဂါကြောင့် ပြတ်တောက်သွားကြပြီး ဆုတ်ယုတ် မှုလက္ခဏာများကို ဖြစ်ပေါ်စေခဲ့သည်။ ပစ္စည်းပေးသွင်းမှု ကြာမြင့်ချိန်များမှာ အောက်တိုဘာတွင် စစ်တမ်းအတွင်း တတိယအကြာရှည်ဆုံးကာလဖြစ်ခဲ့သည်။
မြန်မာနိုင်ငံကုန်ထုတ်လုပ်မှုသည် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာမှစတင်ပြီး လစဉ်တိုင်းဆုတ်ယုတ်လျက်ရှိကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။
Purchasing Manager Index (PMI) အညွှန်းအကိန်းများ တွက်ချက်ရာတွင် ကုန်ထုတ်လုပ်မှု၊ အော်ဒါသစ်များ၊ အလုပ်နေရာ၊ ပစ္စည်းပေးသွင်းသူများ၏ ပေးသွင်းမှု ကြာမြင့်ချိန်နှင့် သိုလှောင်ထားသည့် ထည့် ကုန်များစသည့် အညွှန်ကိန်းငါးခုကို တွက်ချက်ထားခြင်းဖြစ်သည်။
ယခုထုတ်ပြန်ထားသော စစ်တမ်းကို HIS Markit က စက်မှုကုန်ထုတ်လုပ်ငန်းများထံမှ ကောက်ယူစုစည်းရရှိသည့် စစ်တမ်းမှုလကိန်းဂဏန်းများကို အခြေခံပြုစုထားခြင်းဖြစ်ပြီး ဂျပန်အခြေစိုက် Nikkei မီဒီယာအုပ်စုက ပံ့ပိုးပေးထားခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်