
အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) ၏ ၁၉ ခုမြောက် ပြည်ပလေကြောင်းခရီးစဉ်သစ်အဖြစ် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့သို့ တိုက်ရိုက်လေကြောင်းခရီးစဉ်သစ် စတင်ပျံသန်းခြင်းအခမ်းအနားအား ဇွန် ၂၅ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ လာအိုသံအမတ်ကြီးအပါအဝင် MAI နှင့် လေကြောင်းလုပ်ငန်းဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိသူများ၊ MAI ၏ အရောင်းကိုယ်စားလှယ်များ၊ မိတ်ဖက်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် မြန်မာလေကြောင်းပို့ဆောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုး၊ မြန်မာနိုင်ငံဆိုင်ရာ လာအိုသံအမတ်ကြီး Mr.Heuangseng Khamdalavong နှင့် MAI ၏ Chief Executive Officer Mr.Tenes Kumar တို့မှ မိန့်ခွန်းပြောကြားခဲ့ပြီး ဆက်လက်၍အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်၍ ဗီယင်ကျန်းခရီးစဉ်တွင် လိုက်ပါသည့် ခရီးသည်များအား အမှတ်တရလက်ဆောင်များပေးအပ်က ဇွန် ၂၅ ရက် ဒေသစံတော်ချိန် ၉ နာရီတွင် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ဆိုက်ရောက်လာသည့်လေယာဉ်အား ရေပက်ဖြန်းကာကြိုဆိုခဲ့သည်။
၂၀၂၄ ခုနှစ် ဇွန် ၂၅ ရက်မှစ၍ အပတ်စဉ် အင်္ဂါနှင့် ကြာသပတေးနေ့တိုင်း ပျံသန်းမည့် ယခုခရီးစဉ်အသစ်သည် ခရီးသည်များအတွက် နှစ်နိုင်ငံအကြား ပိုမိုလွယ်ကူစွာသွားလာနိုင်မည့် ခရီးလမ်းကြောင်းသစ်များကို တိုးမြှင့်ပေးရန် ရည်ရွယ်ကြောင်း သိရသည်။
ရန်ကုန်-ဗီယင်ကျန်းခရီးလမ်းကြောင်း အသစ်အား စတင်ပျံသန်းခြင်းသည် MAI ၏ အာဆီယံဒေသတွင်း ခရီးစဉ်ကွန်ရက်ကို တိုးချဲ့ရန်နှင့် ခရီးသည်များကို ခရီးလမ်းကြောင်းများ ပိုမိုရွေးချယ်ခွင့် ရရှိနိုင်ရေးအတွက် MAI ၏ မဟာဗျူဟာမြောက် အစီအစဉ်တစ်ခုဖြစ်ကြောင်း သိရသည်။
“ရန်ကုန်နှင့် ဗီယင်ကျန်းမြို့ကို ချိတ်ဆက်ပြေးဆွဲမယ့် ကျွန်တော်တို့ရဲ့ လမ်းကြောင်းသစ်ကို မိတ်ဆက်ပေးရခြင်းအတွက် အရမ်းပင်ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ယခုအသစ် ထပ်မံပြေးဆွဲမှုက အရှေ့တောင်အာရှမှာ ကျွနု်ပ်တို့ရဲ့ ကွန်ရက်ကို ပိုမိုခိုင်မာလာစေတဲ့အပြင် ခရီးသည်များရဲ့ လိုအပ်ချက်များကိုပါ ဖြည့်ဆည်းပေးနိုင်ပြီး နှစ်နိုင်ငံအကြား ချိတ်ဆက်သွားလာမှုများနှင့် ခရီးလမ်းကြောင်းများကို ပိုမိုရွေးချယ်ခွင့်ရရှိနိုင်စေမှာဖြစ်ပါတယ်” ဟု MAI ၏ Chief Executive Officer Mr.Tenes Kumar က ပြောကြားသည်။
ယခုခရီးစဉ်အသစ်ကို ခရီးသွားလာလိုမှုနှင့် ရာသီအလိုက်ပေါ်မူတည်၍ Chief Executive Officer Mr.Tenes Kumar ၏ Airbus A320, Emgraer E190 ATR 72 72-6000 စသည့် လေယာဉ်အမျိုးအစားများဖြင့် ပျံသန်းသွားမည်ဖြစ်ပြီး ၁၅၉ ဒေါ်လာမှစတင်သော လေယာဉ်လက်မှတ်စျေးနှုန်းများဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်