
ရွှေစျေးကွက်အတွင်း ပြန်လည်ရောင်းချမှု များနေပြီး ဝယ်ယူသူနည်းပါးနေကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားသည်။
“အခုက စျေးကွက်ထဲမှာ အရောင်းများ အဝယ်နည်းနေတဲ့သဘောပေါ့။ နယ်တွေကလည်း ဝင်တယ်။ ရွှေဆိုင်တွေက အထည်ပျက်တွေလည်း ဝင်တယ်။ တို့ဆီက ပိဿာချိန် ၅၀ လောက်ကို ဝယ်ပေးနေတယ်။ အရောင်းများ အဝယ်နည်းတဲ့သဘော ဖြစ်နေတာပေါ့” ဟု ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားသည်။
ထို့ပြင် ရွှေစျေးကွက်အတွင်း စျေးနှုန်းတည်ငြိမ်စေရေးအတွက် အထူးအရေးပေါ် အစည်းအဝေးပြုလုပ်ခဲ့ကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။
“မနေ့က ထုတ်တဲ့အဖွဲ့ပေါ့။ အဲဒါနဲ့ ပတ်သက်ပြီး အသင်းသူအသင်းသားတွေနဲ့ အစည်းအဝေးလုပ်တာပေါ့။ လုပ်တဲ့ကိုင်တဲ့အခါ အမှားအယွင်းမရှိအောင် သူတို့ ညွှန်ကြားထားတဲ့ ဥပဒေပုဒ်မတွေကို လိုက်နာပေးဖို့ပေါ့။ ရွှေ ၂၂ သိန်းအထိဖြစ်သွားတုန်းကလည်း ကုန်စည်စီးဆင်းမှုဗဟိုဌာနက အကူအညီပေးလို့ မန္တလေးတို့ မော်လမြိုင်တို့ကနေ ရွှေသယ်တဲ့အခြေအနေမှာ အခက်အခဲမရှိခဲ့ဘူး။ နိုက်ထရစ်အက်ဆစ် ပြတ်သွားတုန်းကလည်း သူတို့ ကူညီခဲ့တယ်။ အခုအဖွဲ့ ထပ်ပေါ်လာတော့ နည်းနည်းအဆင်ပြေလာတာပေါ့။ အဖွဲ့အစည်းတွေပေါ်လာတော့ အဖေခေါ်ရတာ နာမည်သိသွားတာပေါ့ကွာ။ နို့မို့ဆိုတို့က ဘာမှန်းမသိဘူး။ အရင်က ပြဿာနာဖြစ်ရင် အသင်းကပဲ ခေါင်းခံရှင်းပေးရတာပေါ့။ အခုကျတော့ အဲဒီအဖွဲ့တွေကို လွှဲပေးလိုက်တော့ အဆင်ပြေတာပေါ့” ဟု ဦးမျိုးမြင့်က ပြောကြားသည်။
ဇန်နဝါရီ ၂၆ ရက် ရွှေပေါက်စျေးမှာ တစ်ကျပ်သား ၁၈ သိန်း ခုနစ်သောင်းကိုးထောင့်ငါးရာကျပ် ဖြစ်ကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။
ရွှေစျေးနှုန်းသည် ၂၀၁၆ ခုနှစ်တွင် ကျပ် ၈၀၀၀၀၀ တန်း၊ ၂၀၁၇ ခုနှစ်တွင် ကျပ် ၉၀၀၀၀၀ တန်း၊ ၂၀၁၈ ခုနှစ်တွင် ကျပ် ၁၀၀၀၀၀၀ တန်း၊ ၂၀၁၉ ခုနှစ်တွင် ကျပ် ၁၁၀၀၀၀၀ တန်းနှင့် ကျပ် ၁၂၀၀၀၀၀ တန်းကို ကျော်လွန်လာခဲ့ပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာတွင် ကျပ် ၁၃၁၀၀၀၀ ကျော်အထိ မြင့်တက်ခဲ့ခြင်းဖြစ်ကာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ကျပ် ၁၄၂၀၀၀၀ အထိလည်းကောင်း၊ ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းတွင် ကျပ် ၂၂ သိန်းအထိလည်းကောင်း စံချိန်တင်မြင့်တက်ခဲ့ခြင်းများ ရှိခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်