
လက်ရှိတွင် ပြည်တွင်းစက်သုံးဆီစျေးနှုန်း တစ်လီတာလျှင် ကျပ် ၁၆၀၀ ကျော်အထိ မြင့်တက်ခဲ့ကာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလဆန်းနှင့် နှိုင်းယှဉ်ပါက စက်သုံးဆီအမျိုးအစားအလိုက် ရာခိုင်နှုန်း ၁၄၀ မှ ၁၅၀ ဝန်းကျင်အထိ မြင့်တက်ခဲ့ကြောင်း ပြည်တွင်းစက်သုံးဆီအရောင်းဆိုင်များမှ သိရသည်။
ပြီးခဲ့သည့်၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်တွင် ပြည်တွင်းစက်သုံးဆီစျေးနှုန်းများမှာ ဒီဇယ်တစ်လီတာ ၆၆၀ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၆၇၀ ကျပ်၊ အောက်တိန်း 92 Ron တစ်လီတာ ၆၂၅ ကျပ်၊ အောက်တိန်း 95 Ron တစ်လီတာ ၇၅၀ ကျပ်သာရှိကြောင်း မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း (MPTA) ၏ ထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၇ ရက်တွင် ပြည်တွင်းစက်သုံးဆီစျေးနှုန်းများမှာ ဒီဇယ်တစ်လီတာ ၁၅၉၀ ကျပ်၊ ပရီမီယံ ဒီဇယ်တစ်လီတာ ၁၆၀၀ ကျပ်၊ အောက်တိန်း 92 Ron တစ်လီတာ ၁၅၇၅ ကျပ်၊ အောက်တိန်း 95 Ron တစ်လီတာ ၁၆၃၀ ကျပ်အထိရှိကြောင်း ပြည်တွင်းစက်သုံးဆီအရောင်းဆိုင်များမှ သိရသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနှင့်နှိုင်းယှဉ်ပါက ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၇ ရက်အထိ တစ်နှစ်အတွင်း ဒီဇယ်တစ်လီတာ ကျပ် ၉၃၀ မြင့်တက်ကာ ရာခိုင်နှုန်းအားဖြင့် ရာခိုင်နှုန်း ၁၄၀၊ ပရီမီယံဒီဇယ်တစ်လီတာ ၉၃၀ ကျပ်မြင့်တက်ကာ ရာခိုင်နှုန်းအားဖြင့် ရာခိုင်နှုန်း ၁၄၀ ခန့်မြင့်တက်ခဲ့သည်။
အောက်တိန်း 92 Ron တစ်လီတာ ကျပ် ၉၅၀ မြင့်တက်ကာ ရာခိုင်နှုန်းအားဖြင့် ရာခိုင်နှုန်း ၁၅၀ ကျော်၊ အောက်တိန်း 95 Ron တစ်လီတာ ကျပ် ၈၈၀ မြင့်တက်ကာ ရာခိုင်နှုန်းအားဖြင့် ရာခိုင်နှုန်း ၁၂၀ ခန့်မြင့်တက်ခဲ့ သည်။
ပြည်တွင်းစက်သုံးဆီစျေးနှုန်းများမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစတင်၍ တရိပ်ရပ်မြင့်တက်ခဲ့ရာ ၂၀၂၁ ခုနှစ် စက်တင်ဘာလကုန်တွင် စက်သုံးဆီအမျိုးအစားအားလုံး တစ်လီတာ ကျပ် ၁၅၀၀ အထက် စတင်ရောက်ရှိခဲ့ခြင်းဖြစ်သည်။
၂၀၂၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် စက်သုံးဆီစျေးနှုန်းများမှာ ဒီဇယ်တစ်လီတာ ၁၅၀၀ ကျပ်၊ ပရီမီယံဒီ ဇယ်တစ်လီတာ ၁၅၀၅ ကျပ်၊ အောက်တိန်း 92 Ron တစ်လီတာ ၁၅၀၅ ကျပ်၊ အောက်တိန်း 95 Ron တစ်လီတာ ၁၅၂၅ ကျပ်အထိ အမြင့်ဆုံးမြင့်တက်ခဲ့သည်။
ထို့ကြောင့် ပြည်တွင်းရှိ သယ်ယူပို့ဆောင်ရေးလုပ်ငန်းကဏ္ဍများတွင် ကုန်ကျစရိတ်များ မြင့်တက်ခဲ့ပြီး အကျိုးဆက်အနေဖြင့် ပြည်တွင်း၌ ကုန်စျေးနှုန်းများလည်း မြင့်တက်မှုများရှိခဲ့သည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံသည် တစ်နှစ်လျှင် စက်သုံးဆီ တန်ချိန် ခြောက်သန်းဝန်းကျင် တင်သွင်းလျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်