
စီးပွားရေးလုပ်ငန်းများ ထူထောင်လုပ်ကိုင်ရာတွင် မဖြစ်မနေရယူရန်လိုအပ်သည့် လိုင်စင်၊ ပါမစ်နှင့် ခွင့်ပြုမိန့်ကိစ္စများကို ပြန်လည်သုံးသပ်ဆောင်ရွက်မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ပြောကြားသည်။
“ လိုင်စင်၊ ပါမစ်တွေကို ကြည့်မယ်ဆိုရင် တချို့မှာ စီးပွားရေးလုပ်ငန်းနယ်ပယ်အတွက် စိစစ်ဆောင်ရွက်ရန် လိုအပ်ချက်ရှိသောကြောင့်လည်းကောင်း၊ ပြဋ္ဌာန်းထားသည့်ဥပဒေ၊ နည်းဥပဒေများအရလည်းကောင်း လိုအပ်တဲ့လိုင်စင်အမျိုးအစား ဖြစ်ပါတယ်။ အချို့လိုင်စင်၊ ပါမစ်စသည်တို့မှာ နိုင်ငံအတွက် လုပ်ငန်းကဏ္ဍနယ်ပယ်အတွက် ထိခိုက်မှုများစွာမရှိနိုင်သလို အန္တရာယ် မရှိသလောက်နည်းပါးသည့် (Low Risk) အခြေအနေမျိုးလည်းရှိပါတယ်။ အချို့မှာ လုံးဝမလိုအပ်ဘဲ ရယူဆောင်ရွက်နေရတဲ့ လိုင်စင်၊ ပါမစ်များ ဖြစ်ပါတယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ပြောကြားသည်။
သို့ဖြစ်၍ လိုင်စင်၊ပါမစ်ရယူခြင်းလုပ်ငန်းများကို ဥပဒေနှင့်အညီ လိုအပ်သလို သုံးသပ်ဖြေလျော့ရေး ဆောင်ရွက်သွားရန် ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စများနှင့် စပ်လျဉ်း၍ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများအကြား ပေါင်းစပ်ညှိနှိုင်းပေးရန် လိုအပ်ချက်များရှိပါက ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် တာဝန်ယူညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လွယ်ကူစေရေးအတွက် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက အသိပေးကြေညာထားသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ရင်းနှီးမြှုပ်နှံမှုများ လွယ်ကူစေရေးအတွက် အွန်လိုင်းမှတစ်ဆင့် ကုမ္ပဏီမှတ်ပုံတင်ကိစ္စရပ်များအတွက် ဆောင်ရွက်နိုင်မည့် အီလက်ထရွန်နစ် ကုမ္ပဏီမှတ်ပုံတင်စနစ် (MyCO) အပြင် နိုင်ငံခြားသားများနေထိုင်ခွင့်အတွက် အွန်လိုင်းမှတစ်ဆင့် Visa ထောက်ခံချက်ထုတ်ပေးခြင်း စနစ်နှင့် ရင်းနှီးမြှုပ်နှံသူများအတွက် ကယ်ဆယ်ရေးလေယာဉ်ဖြင့် လိုက်ပါခွင့်များတို့ကို ထောက်ခံဆောင်ရွက်ပေးလျက်ရှိသည်။
ထို့ပြင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ ပြည်တွင်စက်မှုလုပ်ငန်းများ၊ လျှပ်စစ်ကဲ့သို့ အခြေခံ အဆောက်အဦလုပ်ငန်းများ ဖွံ့ဖြိုးစေရေးအတွက် လိုအပ်သည့်ကုန်ကြမ်းပစ္စည်းများနှင့် စက်ပစ္စည်းတင်သွင်းခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိသည်။
မြန်မာနို်ငံကုမ္ပဏီများဥပဒေနှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေတို့အရ လုပ်ငန်းဆောင်ရွက်လျက်ရှိသော ကုမ္ပဏီများနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများသည် အခက်အခဲများရှိပါက ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ လွယ်ကူလျင်မြန်စွာ ဆောင်ရွက်ပေးမည်ဖြစ်၍ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရုံး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (ရုံးချုပ်) နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန(ရုံးခွဲ) များသို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ အသိပေးကြေညာထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်