
လက်ရှိဘဏ္ဍာနှစ် အောက်တိုဘာမှ ဇူလိုင်လကုန်အထိ မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ဆယ်သန်းနီးပါးအထိ ဝင်ရောက်ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
၂၀၁၆-၂၀၁ရဘဏ္ဍာနှစ်မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီအထိ မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုမှာ စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ တစ်ရာခိုင်နှုန်းအောက်သာရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့်စာရင်းများအရ သိရသည်။
မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် နှစ်အလိုက် ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခဲ့သည့် အခြေအနေကို လေ့လာကြည့်ပါက ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဒေါ်လာ ၁၀ ဒသမ ၆၅၀ သန်းသာရှိသည်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်းက လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ဒေါ်လာ ၁၃၄ ဒသမ ၄၈၅ သန်း ဝင်ရောက်ခဲ့သော်လည်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာတွင်မူ လယ်ယာကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု မဝင်ရောက်ခဲ့ပေ။
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၇ ဒသမ ၁ သန်းကျော်၊ ၂၀၁၄- ၂၀၁၅ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၃၉ ဒသမ ၆၆ သန်းကျော်၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၂၀ ဒသမ ၂ သန်းကျော်၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၉ ဒသမ ၆ သန်းကျော် ဝင်ရောက်ခဲ့ပြီး၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင်မူ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခြင်းမရှိခဲ့ပေ။
၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၈ ခုနှစ် စက်တင်ဘာလကုန်အထိ မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ဒေါ်လာ ၇၇ ဒသမ ၇ ဘီလျံကျော်အထိ ဝင်ရောက်ခဲ့ပြီး လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်းဒေါ်လာ ၃၉၅ သန်းကျော် ဝင်ရောက်ခဲ့ပြီး စုစုပေါင်းဝင်ရောက်ခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ၏ ၀ ဒသမ ၅၁ ရာခိုင်နှုန်းသာ ရှိခဲ့သည်။
“ မြန်မာနိုင်ငံဟာ စိုက်ပျိုးမွေးမြူရေးကို အခြေခံတဲ့နိုင်ငံဖြစ်တဲ့အားလျော်စွာ စိုက်ပျိုးရေး အခြေခံစီးပွားရေးစနစ်ကို ရောက်ရှိစေနိုင်ဖို့အတွက် စိုက်ပျိုးရေးကုန်ထုတ်စွမ်းအားနဲ့ အရည်အသွေး တိုးတက်မှုရှိစေရေး အရေးတကြီးလိုအပ်နေတာ အားလုံးအသိပဲဖြစ်ပါတယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်