
အများပြည်သူရုံးပိတ်ရက်များတွင် ပင်လယ်ရေကြောင်းမှ ကုန်သေတ္တာဖြင့် တင်သွင်းလာသည့် ဆေးနှင့် ဆေးပစ္စည်းများအား ဆိပ်ကမ်းမှ ထုတ်ယူနိုင်ရေးအတွက် နေ့စဉ် ပိတ်ရက်မရှိဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ထုတ်ပြန်ချက်အရ သိရသည်။
COVID-19 ရောဂါကူးစက်ပြန့်ပွားမှုကို ပိုမိုထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် ၂၀၂၁ ခုနှစ် သြဂုတ်၂၃ ရက်မှ ၃၁ ရက်အထိ တစ်ဆက်တစ်စပ်တည်း အများပြည်သူရုံးပိတ်ရက်အဖြစ် ကြေညာပေးခဲ့ကြောင်း သိရသည်။ သို့ရာတွင်ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မရပ်တန့်စေရေးနှင့် ပြည်ပမှ ပင်လယ်ရေကြောင်းဖြင့် တင်သွင်းလာသည့် ဆေးနှင့် ဆေးပစ္စည်းများ ပြည်သူများလက်ဝယ်သို့ အမြန်ဆုံးရောက်ရှိစေရေးအတွက် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် ဆိပ်ကမ်းတံတား အသီးသီးသည် ပိတ်ရက်မရှိ ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရုံးပိတ်ရက်ရှည်အတွင်း ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ ပုံမှန်အတိုင်း လည်ပတ်နိုင်စေရေးနှင့် ပြည်ပမှ ပင်လယ်ရေကြောင်းဖြင့် တင်သွင်းလာသည့် ကုန်စည်များ၊ ဆေးနှင့် ဆေးပစ္စည်းများကိုပြည်သူများ လက်ဝယ်သို့ အမြန်ဆုံးရောက်ရှိစေရေးအတွက် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် ဆိပ်ကမ်းတံတားအသီးသီးတို့သည် ပိတ်ရက်မရှိ ဝန်ဆောင်မှုများ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ကိုယ်စားလှယ်လုပ်ငန်းဌာနသည် ရုံးပိတ်ရက်အတွင်း DO ၊ Shopping Instruction (SI) နှင့် 90/91 Form များကို နေ့စဉ်ပိတ်ရက်မရှိ ထုတ်ပေးသွားမည်ဖြစ်ပြီး အထူးသဖြင့် ဆေးနှင့် ဆေးပစ္စည်းများကို အမြန်ထုတ်ယူနိုင်ရေးအတွက် ဦးစားပေးဆောင်ရွက်ပေးသွားမည် ဖြစ်သဖြင့် ဆေးနှင့် ဆေးပစ္စည်းတင်သွင်းထားကြသူများအနေဖြင့် ကိုယ်စားလှယ်လုပ်ငန်း ဌာန၊ ဌာနခွဲ(၁) ဖုန်း ၀၉၅၁၁၂၈၇၃ သို့ အမြန်ဆုံးဆက်သွယ်ကြရန် တိုက်တွန်းထားကြောင်း သိရသည်။
COVID-19 ရောဂါကုသရေးနှင့် ထိန်းချုပ်ရေးအတွက် ပင်လယ်ရေကြောင်းမှတစ်ဆင့် ကုန်သေတ္တာဖြင့် တင်သွင်းလာသည့် ဆေးနှင့် ဆေးပစ္စည်းများအား AWPT ၊ HPT ၊ MIP နှင့် MITT ဆိပ်ကမ်းတံတား အသီးသီး မှ အမြန်ဆုံးထုတ်ယူနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ကိုယ်စားလှယ်လုပ်ငန်းဌာနသည် ပြည်ပမှ ပင်လယ်ရေကြောင်းဖြင့် တင်သွင်းလာသည့်ဆေးနှင့် ဆေးပစ္စည်းများအား ပြည်သူများထံသို့ အမြန်ဆုံးရောက်ရှိစေရန် AWPT ၊ HPT ၊ MIP နှင့် MITT ဆိပ်ကမ်းတံတား အသီးသီးသို့ရောက်ရှိပြီးဖြစ်သည့် ဆေးနှင့် ဆေးပစ္စည်းကုန်သေတ္တာများကို အမြန်ဆုံးနှင့် ချက်ချင်းထုတ်ပေးသွားနိုင်ရန် လိုအပ်သည်များကို စီစဉ်ပေးလျက်ရှိကြောင်း သိရသည်။
ယခုအခါ အခြားအိမ်နီးချင်းနိုင်ငံများနည်းတူ မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါမျိုးကွဲသစ်များ ကူးစက်ပျံ့နှံ့လျက်ရှိရာ ရောဂါကုသရေးနှင့် ကူးစက်ပျံ့ပွားမှုများအား တားဆီးကာကွယ် ထိန်းချုပ်ရေးတို့ကို အထောက်အကူပြုစေရန်အတွက် ပင်လယ်ရေကြောင်းဖြင့် ပြည်ပမှ မှာယူတင်သွင်းလာသည့် ဆေးနှင့် ဆေးပစ္စည်းများကို ပြည်သူများထံသို့ အမြန်ရောက်ရှိစေရေးအတွက် ဆေးနှင့် ဆေးပစ္စည်းကုန်သေတ္တာများအား အမြန်ဆုံး ဆိပ်ကမ်းမှထုတ်ပေးနိုင်ရန် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် ဆိပ်ကမ်းတံတားများသည် အကောက်ခွန်ဦးစီးဌာနနှင့် ညှိနှိုင်းပူးပေါင်း၍ ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ပင်လယ်ရေကြောင်းမှ တင်သွင်းလာသည့် ဆေးနှင့် ဆေးပစ္စည်းများတွင် COVID-19 ရောဂါကူးစက်ခံလူနာများအား ကုသရာတွင် လိုအပ်သည့် အောက်ဆီဂျင်ထုတ်လုပ်သည့် စက်ပစ္စည်း (Oxgyen Concentrator) များ၊ အခြားဆေးပစ္စည်းများနှင့် ဆေးဝါးများ ပါဝင်ကြောင်း သိရသည်။
အများပြည်သူရုံးပိတ်ရက်ကာလအ တွင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် ဆိပ်ကမ်းတံတားများအနေဖြင့် ကုန်စည်စီးဆင်းမှုများ စဉ်ဆက်မပြတ်လည်ပတ်နိုင်ရန် Operation လုပ်ငန်းများကို ရပ်နားခြင်းမရှိဘဲ ဝန်ဆောင်မှုပေးနေကြောင်း သတင်းရရှိသည်။
COVID-19 ရောဂါကူးစက်မှုများကို ထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်၊ ကုသရန် အများပြည်သူ ရုံးပိတ်ရက်များအဖြစ် သတ်မှတ်ထားသည့် ကာလအတွင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် ဆိပ်ကမ်းတံတားများအနေဖြင့် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ စဉ်ဆက်မပြတ် လည်ပတ်နိုင်စေရေးအတွက် Operation လုပ်ငန်းများကို မရပ်နားဘဲ ဝန်ဆောင်မှုပေးသွားမည် ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က သတင်းထုတ်ပြန်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်