
အမေရိကန်အခြေစိုက် Bell ရဟတ်ယာဉ်ကုမ္ပဏီမှ Bell 505 ရဟတ်ယာဉ် အမျိုးအစားအား ရန်ကုန်နှင့် နေပြည်တော်မြို့များတွင် သရုပ်ပြပျံသန်း၍ စျေးကွက် မိတ်ဆက်ခြင်း လာရောက်ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
Bell 505 ရဟတ်ယာဉ် သရုပ်ပြပျံ သန်းခြင်းကို အောက်တိုဘာ ၁ ရက်၊ ၂ ရက် နှင့် ၅ ရက်နေ့များတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌လည်းကောင်း၊ အောက်တိုဘာ ၃ ရက်နှင့် ၄ ရက်များတွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၌လည်းကောင်း သရုပ်ပြပျံသန်းခြင်းကို ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“အခုဆိုရင် မြန်မာပြည်က နယ်ပယ်အသီးသီးမှာ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်နေတာကို တွေ့မြင်ရပါတယ်။ ခုလိုတိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာတာနဲ့အလျောက် အနာဂတ် သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေအတွက် မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်အချို့က ဝယ်ယူဖို့ စိတ်ဝင်စားမှုရှိတာကြောင့် အခုလို လာရောက်ရောင်းချရခြင်းဖြစ်ပါတယ်” ဟု အမေရိကန်အခြေစိုက် Bell ရဟတ်ယာဉ်ကုမ္ပဏီမှ Business Development Manager Mr Eric Ng က ပြောပြခဲ့သည်။
Bell 505 ရဟတ်ယာဉ်အမျိုးအစားမှာ ခရီးသည်သယ်ယူပို့ဆောင်ရေးလုပ်ငန်း တွင် အသုံးပြုနိုင်မည့် ငါးယောက်စီး ရဟတ်ယာဉ်အမျိုးအစားဖြစ်ပြီး အရှေ့တောင်အာရှ နိုင်ငံများဖြစ်သည့် အင်ဒိုနီးရှား၊ ကမ္ဘောဒီး ယားနှင့် ဗီယက်နမ်နိုင်ငံများမှ ခရီးသွားလုပ်ငန်းများတွင် ဝယ်ယူအသုံးပြုနေပြီဖြစ်ကြောင်း သိရသည်။
Bell 505 ရဟတ်ယာဉ်အမျိုးအစား သည် ခရီးသည်သယ်ယူပို့ဆောင်ရေးအား ရည်ရွယ်ကာ သီးသန့်ထုတ်လုပ်ထားခြင်းဖြစ်သောကြောင့် ထိုင်ခုံနေရာများမှာ ရှေ့သို့သာ မျက်နှာမူထားပြီး စီးနင်းလိုက်ပါသော ခရီးသည်များအနေဖြင့် ရဟတ်ယာဉ်ပျံသန်းနေ စဉ်တွင် ရှုခင်းများကို ရှင်းလင်းပြတ်သားစွာ ကြည့်ရှုနိုင်ခြင်း၊ ကြမ်းပြင်တစ်ညီတည်းဖြစ်ခြင်း၊ ကျယ်ပြန့်သော တံခါးများပါဝင်ခြင်းတို့ကြောင့် ခရီးသည်များအနေဖြင့် သက်တောင့်သက်သာစွာ စီးနင်းနိုင်မည်ဟု သိရသည်။
Bell ရဟတ်ယာဉ်ကုမ္ပဏီမှ ရန်ကုန် နှင့် နေပြည်တော်မြို့များတွင် သရုပ်ပြပျံသန်း ၍ စျေးကွက်မိတ်ဆက်ခြင်း လာရောက်ပြု လုပ်နိုင်ရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ နိုင်ငံတကာမှ ကိုယ်ပိုင်လေယာဉ်စီး ခရီးသည်များကိုသာ သီးသန့်ဝန်ဆောင်မှုပေးနေသည့် Myanmar MJETS Business Aviation Centre မှ ကူညီပံ့ပိုးပေးခြင်းဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်