Top News

ပိုင်ဆိုင်မှုများကို လူမှုကွန်ရက်များတွင် မတင်ကြရန် ကစားသမားများကို ရီးယဲလ်မက်ဒရစ်အသင်း သတိပေး
24htopnews | August 12, 2024 4:12 AM CST

လက်ရှိတွင် မက်ဒရစ်မြို့၌ ဖောက်ထွင်းခိုးယူမှုများ ဖြစ်ပွားလျက်ရှိပြီး ပြီးခဲ့သည့် စက်တင်ဘာလက အက်သလက်တီကိုကွင်းလယ်လူ သောမတ်စ်ပါတေး၏ အိမ်မှာ ဖောက်ထွင်းခံခဲ့ရကြောင်းသိရသည်။

 

ရီးယဲလ်မက်ဒရစ်အသင်းသည် အသင်းကစားသမားများအား သူတို့၏ပိုင်ဆိုင်မှုများကို လူမှုကွန်ရက်များတွင် မတင်ကြရန် သတိပေးခဲ့ကြောင်း ဗြိတိန်သတင်းစာ Daily Mail ကဖော်ပြခဲ့သည်။

လက်ရှိတွင် မက်ဒရစ်မြို့၌ ဖောက်ထွင်းခိုးယူမှုများ ဖြစ်ပွားလျက်ရှိပြီး ပြီးခဲ့သည့် စက်တင်ဘာလက အက်သလက်တီကိုကွင်းလယ်လူ သောမတ်စ်ပါတေး၏ အိမ်မှာ ဖောက်ထွင်းခံခဲ့ရကြောင်းသိရသည်။

ထို့ကြောင့် ယင်းအန္တရာယ်များကို ကာကွယ်နိုင်ရန်အတွက် ရီးယဲလ်မက်ဒရစ်အသင်းက အသင်းကစားသမားများကို ၄င်းတို့၏ အိမ်အတွင်းအပြင် ဓာတ်ပုံများ၊ ပိုင်ဆိုင်မှုများကိုဖော်ပြသည့် ဓာတ်ပုံများအား လူမှုကွန်ရက်များ၌မတင်ကြရန် သတိပေးခဲ့သလို၊ ကစားသမားများအား ကိုယ်ပိုင်လုံခြုံရေးများ ငှားရမ်းရန်လည်း တိုက်တွန်းခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့်နှစ်များအတွင် လာလီဂါပြိုင်ပွဲတွင် ကစားနေသည့် ဘန်ဇီမာ၊ အဆန်စီယို၊ မိုရာတာစသည့် နာမည်ကြီးကစားသမားများအပါအဝင် ကစားသမား (၁၃)ဦး၏ အိမ်များမှာ ဖောက်ထွင်းခံခဲ့ရပြီး ပြီးခဲ့သည့်ဇွန်လကလည်း ရီးယဲလ်အသင်းနည်းပြ ဇီဒန်း၏အိမ်ကို သူခိုးများက ဖောက်ထွင်းဝင်ရောက်ရန် ကြိုးစားခဲ့ကြောင်းသိရသည်။

စပိန်အားကစားရုပ်သံ El Chiringuito TV ၏ ဖော်ပြချက်အရ ရီးယဲလ်မက်ဒရစ်အသင်းသည် အသင်းကစားသမားများ၏ အိမ်များကို စောင့်ရှောက်ရန်အတွက် လုံခြုံရေးများကို ငှားရမ်းထားကြောင်း သိရသည်။

စက်တင်ဘာ (၂၉)ရက်က အက်သလက်တီကို (၀-၀) ရီးယဲလ်မက်ဒရစ်ပွဲ ကစားနေချိန်တွင် ရီးယဲလ်မက်ဒရစ်ကွင်းလယ်လူ ကက်စမဲရိုး၏ နေအိမ်ကို သူခိုးများ ဖောက်ထွင်းဝင်ရောက်ခဲ့ကြကြောင်း သိရသည်။ 

 


READ NEXT
Cancel OK