
ထားဝယ်အထူးစီးပွားရေးဇုန်တွင် မူလသဘောတူညီချက်အရ ကနဦးစီမံကိန်းပြီးမှ ပင်မစီမံကိန်း အကောင်အထည်ဖော်ရန် ဖြစ်သော်လည်း ကနဦးစီမံကိန်းမှာ နှောင့်နှေးနေသည့်အတွက် တစ်ပြိုင်နက်တည်း အကောင်အထည်ဖော်ခြင်းက မြန်မာနိုင်ငံအတွက် ပိုကောင်းမည်ဟု ယူဆကြောင်း ထားဝယ်အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမြင့်ဆန်းက ပြောကြားသည်။
ထားဝယ်အထူး စီးပွားရေးဇုန် စီမံကိန်းသည် အကြောင်းအမျိုးမျိုးကြောင့် ရပ်နားခဲ့ရာမှ လက်ရှိအချိန်တွင် မြန်မာ၊ ထိုင်း၊ ဂျပန် သုံးနိုင်ငံ ပူးပေါင်းပြီး စီမံကိန်းပြန်လည် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်သည့်အတွက် ယင်းအခြေအနေများအပေါ် နိုင်ငံပိုင်သတင်းစာမှ တာဝန်ရှိသူများက ထားဝယ်အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမြင့်ဆန်းနှင့် တွေ့ဆုံမေးမြန်းစဉ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။
ထားဝယ်အထူးစီးပွားရေးဇုန် တစ်ခုလုံးတွင် ဧရိယာ ၁၉၆ စတုရန်း ကီလိုမီတာရှိပြီး ကနဦးစီမံကိန်းတွင် ၂၇ စတုရန်းကီလိုမီတာ ပါဝင်ကြောင်း သိရသည်။ မူလသဘောတူညီချက်တွင် ကနဦးစီမံကိန်းပြီးမှ ပင်မစီမံကိန်း အကောင်အထည် ဖော်ရန်ဖြစ်သော်လည်း ကနဦး စီမံ ကိန်းမှာ နှောင့်နှေးနေသဖြင့် ကနဦး စီမံကိန်းနှင့် ပင်မစီမံကိန်းကို တစ် ပြိုင်နက်တည်း အကောင်အထည် ဖော်ခြင်းက မြန်မာနိုင်ငံအတွက် ပို ပြီးကောင်းမည်ဟု ယူဆကြောင်း ဒေါက်တာမြင့်ဆန်းက ပြောကြား သည်။
ထားဝယ်အထူးစီးပွားရေးဇုန် ၏ ကနဦးစီမံကိန်းအတွင်း ပါဝင်သည့် နှစ်လမ်းသွား ကားလမ်းသည် မြန်မာအစိုးရက တည်ဆောက်ရန် ဆုံးဖြတ်ခဲ့ကြောင်း၊ အထူးသဖြင့် ထိုင်းနိုင်ငံက ချေးငွေယူပြီး တည်ဆောက်မည် ဖြစ်ကြောင်း၊ ယင်းလမ်းသည် ယခင်က အီတာလျံထိုင်းက မြေသားကားလမ်း တည်ဆောက်ပြီးသားဖြစ်၍ ၁၃၈ ကီလိုမီတာ အရှည်ရှိကာ ထိုင်းနယ်စပ်မှ ထားဝယ်အထူးစီးပွားရေးဇုန် အထိဖြစ်သည်။
အဆိုပါ စီမံကိန်းအတွက် ထိုင်းနိုင်ငံဘက်မှ ထိုင်းဘတ်ငွေ ၄ ဒသမ ၅ ဘီလျံ ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
“တကယ်ကုန်နိုင်ခြေရှိမရှိ၊ လမ်းလုံခြုံစိတ်ချရမှု၊ လမ်းဒီဇိုင်း ဒါတွေကို ကွင်းဆင်းလေ့လာဖို့ ထိုင်းဘက်က ငွေချေးမယ့်အဖွဲ့ဖြစ်တဲ့ အိမ်နီးချင်းနိုင်ငံများ စီးပွားဖွံ့ဖြိုးတိုးတက်ရေး ကူညီပေးရေး အေဂျင်စီ (NEDA) က ကွင်းဆင်းလေ့လာ နေပါတယ်။ စက်တင်ဘာလကုန်မှာ သူတို့ရဲ့ ကွင်းဆင်းလေ့လာမှု ပြီးပါမယ်” ဟုထားဝယ်အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမြင့်ဆန်းက ပြောကြားသည်။
အဆိုပါ လေ့လာမှုများအရ လမ်းလုံခြုံစိတ်ချရမှု၊ သဘာဝပတ်ဝန်းကျင် အခြေအနေ၊ ကုန်ကျစရိတ်များ ထွက်လာမည်ဖြစ်သည်။ ယင်းနောက် မြန်မာအစိုးရနှင့် ထိုင်းအစိုးရတို့အကြား ချေးငွေစာချုပ် လက်မှတ် ရေးထိုးမည် ဖြစ်ကြောင်း၊ လက်မှတ်ထိုးပြီးပါက လမ်းဖောက်လုပ်မည့် ကုမ္ပဏီကို တင်ဒါခေါ်မည်ဖြစ်ကြောင်း သိရသည်။
“အဲဒီကုမ္ပဏီကတော့ ထိုင်းချေးငွေ ယူထားတဲ့အတွက် ထိုင်းဘက်မှာ မှတ်ပုံတင်ထားတဲ့ ဆောက်လုပ်ရေး ကုမ္ပဏီ ဖြစ်ပါတယ်။ အဲဒါ ကုမ္ပဏီက တင်ဒါခေါ်ပြီး လမ်းဆောက်လုပ်ရေး စလုပ်မှာဖြစ်ပါတယ်။ ခန့်မှန်းခြေအားဖြင့် ၂၀၂၀ ပြည့်နှစ် လလယ်ပိုင်းလောက်မှာ စလုပ်နိုင်မယ်လို့ ယူဆပါတယ်” ဟု ဒေါက်တာမြင့်ဆန်းက ဆိုသည်။
ထားဝယ်အထူးစီးပွားရေးဇုန်မှ မြန်မာ-ထိုင်းနယ်စပ် ထီးခီးအထိ ၁၃၈ ကီလိုမီတာရှိသည့် နှစ်လမ်းသွား ကားလမ်းအဖြစ် အဆင့်မြှင့်တင်ရန် စီမံကိန်း အကောင်အထည်ဖော်ခြင်းကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာတွင် စတင်ဆောင်ရွက်ရန် စီစဉ်ထားကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ပြောကြားသည်။
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်းရှိ ထားဝယ်ရေနက်ဆိပ်ကမ်း- မေတ္တာ-ထီးခီး လမ်း ၁၆၅ ဒသမ ၅ ကီလိုမီတာမှာ အထူးစီးပွားရေးဇုန် အတွင်းလမ်း ၁၈ ဒသမ ၅ ကီလိုမီတာမှ ထိုင်း-မြန်မာနယ်စပ် ထီးခီးအထိ ၁၃၈ ကီလိုမီတာအား Neighbouring Countries Economic Development Cooperation (NEDA) ထံမှ ချေးငွေထိုင်းဘတ် ၄ ဒသမ ၅ ဘီလျံဖြင့် နှစ်လမ်းသွား ကားလမ်းအဖြစ် အဆင့်မြှင့်တင်ရန် ၂၀၁၈ ခုနှစ် မတ် ၂၆ ရက်တွင် ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန် အစည်းအဝေးတွင် ခွင့်ပြုချက် ရရှိခဲ့ကြောင်း အဆိုပါ စီမံကိန်း၏ Survey & Detailed Design များကို ထိုင်းနိုင်ငံ (NEDA) မှ Grant Aid ဖြင့် နည်းပညာဆိုင်ရာ ကူညီထောက်ပ့ံမှု ပေးလျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်