
JICA, Two Step Loan ချေးငွေစီမံကိန်းကို ၂၀၁၇ ခုနှစ် ဇူလိုင်လတွင် စတင်ခဲ့ပြီး လက်ရှိအချိန်အထိ တောင်သူ ၅၅၇၆ ဦးသို့ ချေးငွေကျပ် ၂၂၉ ဒသမ ၉၇၉ ဘီလျံထုတ်ချေးပေးထားကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်းက ပြောကြားသည်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေစီမံကိန်း (JICA, Two Step Loan) စီမံကိန်းဦးဆောင်ကော်မတီ အစည်းအဝေး(၂၂/၂၀၂၂)တွင် ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
JICA, Two Step Loan ချေးငွေစီမံကိန်းကို ၂၀၁၇ ခုနှစ် ဇူလိုင်လတွင် စတင်ခဲ့ပြီး လက်ရှိအချိန်အထိ မြို့နယ်ပေါင်း ၁၈၇ ခုမှ တောင်သူ ၅၅၇၆ ဦးသို့ ချေးငွေကျပ် ၂၂၉ ဒသမ ၉၇၉ ဘီလျံထုတ်ချေးပေးထားပြီးဖြစ်ကြောင်း၊ ချေးငွေရယူထားသည့် တောင်သူများမှ အချိန်စေ့ရောက်၍ အရစ်ကျပြန်ဆပ်လာသည့်ငွေများကို ချေးငွေရယူလိုသည့် တောင်သူအသစ်များသို့ စဉ်ဆက်မပြတ်ထုတ် ချေးလျက်ရှိကြောင်း၊ ချေးငွေမျး စဉ်ဆက်မပြတ်ထုတ်ချေးနိုင်ရန် ကြွေးကျန်များမဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း၊ လယ်ယာသုံးစက်ကိရိယာများအပြင် ချေးငွေအမယ်သစ်များ ထုတ်ချေးပေးနိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်စေလိုကြောင်း၊ ဥပမာအားဖြင့် ဆန်စက်ငယ်၊ ဆီစက်ငယ်များ၊ စျေးကွက်ဝင်သီးနှံအမျိုးမျိုးအတွက် ထုတ်ချေးငွေများ စသည်ဖြင့်ဖြစ်ကြောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် JICA Myanmar ရုံးအပါအဝင် ဆက်စပ်ဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ကြရန်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။
လယ်ယာကုန်ထုတ်လုပ်ငန်းများတွင် အဓိကအသုံးပြုသည့်လယ်ယာသုံးစက်ကိရိယာများနှင့် လယ်ယာစီးပွားခြေခံ စက်ရုံ၊ အလုပ်ရုံများ တည်ဆောက်နိုင်ရန် တောင်သူတစ်ဦးချင်း ကျပ်သိန်း ၇၀၀ ထိ ထုတ်ချေးလျက်ရှိကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်းက ၂၀၂၂ ခုနှစ် ဧပြီလအတွင်းက ပြောကြားထားသည်။
JICA, Two Step Loan ချေးငွေစီမံ ကိန်းကို ၂၀၁၇ ခုနှစ် ဇူလိုင်လတွင် စတင်ခဲ့ပြီး စီမံကိန်းတန်ဖိုး ကျပ်ဘီလျံ ၂၀၀ ခန့်ရှိကာ ဆိုင်းငံ့ကာလ ၁၀ နှစ်၊ ပြန်ဆပ်ကာလနှစ် ၃၀၊ ပေါင်းနှစ်(၄၀)သက်တမ်းရှိကြောင်း၊ မြန်မာနိုင်ငံတစ်ဝန်းရှိ တောင်သူလယ်သမားများ၏ လယ်ယာကုန်ထုတ်လုပ်ငန်းများတွင် အဓိကအသုံးပြုသည့် လယ်ယာသုံးစက်ကိရိယာများနှင့် လယ်ယာစီးပွားအခြေခံစက်ရုံ၊ အလုပ်ရုံများတည်ဆောက်နိုင်ရန် အတိုးနှုန်းသက်သာသည့်ချေးငွေများကို တောင်သူတစ်ဦးချင်း ကျပ်သိန်း ၇၀၀ အထိ နှစ်တိုသုံးနှစ်၊ နှစ်ရှည်ငါးနှစ် အရစ်ကျပြန်ဆပ်စနစ်ဖြင့် ထုတ်ချေးပေးလျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်