
ရန်ကုန်စတော့အိတ်ချိန်းတွင် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လကုန်အထိ စျေးကွက်ရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ ကျပ်ဘီလျံ ၅၈၀ ကျော် အထိရှိကြောင်း သြဂုတ် ၂၄ ရက်က ပြုလုပ်သည့် မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၏ (၇/၂၀၂၂)ကြိမ်မြောက်အစည်းအဝေးမှ သိရသည်။
လက်ရှိတွင် ရန်ကုန်စတော့အိတ်ချိန်း၌ စာရင်းဝင်ထားသော အများနှင့်သက်ဆိုင်သည့်ကုမ္ပဏီ (၇)ခု၏ ရှယ်ယာများကို ငွေ ချေးသက်သေခံလက်မှတ်ကုမ္ပဏီ(၆)ခုမှ တဆင့် ရောင်းဝယ်လျက်ရှိသည်။
အဆိုပါ စာရင်းဝင်ကုမ္ပဏီ(၇)ခု၏ ဇူလိုင်လကုန်ရှိ စျေးကွက်ရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ ကျပ် ၅၈၁ ဒသမ ၅၁၅ ဘီလျံရှိကြောင်း ဖော်ပြထားသည်။
ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီ (၆)ခုတွင် စာရင်းဖွင့်လှစ်ထားသူဦးရေမှာ ၄၄၈၀၉ ဦးရှိပြီး တစ်နှစ်တိုးတက်မှုနှုန်းမှာ ၄ ဒသမ ၁ ရာခိုင်နှုန်းရှိကြောင်း ဖော်ပြထားသည်။
မြန်မာနိုင်ငံံ၏ အရင်းနှီးစျေးကွက်တွင် ပါဝင်ရင်းနှီးမြှုပ်နှံသူနှင့် အရင်းအနှီးစု ဆောင်းသူများမှာ အခြားနိုင်ငံများနှင့်နှိုင်းယှဉ်ပါက လွန်စွာနည်းနေသေးသည်ကို တွေ့ ရပြီး အရင်းအနှီးစျေးကွက် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စတော့အိတ်ချိန်းတွင် စာရင်းဝင် ကုမ္ပဏီများတိုးတက်လာစေရေးမှာ အဓိကအရေးကြီးသည့်အပြင် အရေအတွက် တိုးလာသည့်နှင့်အမျှ အရည်အသွေးကောင်း မွန်ပြီး ခိုင်မာသည့်အများပိုင်ကုမ္ပဏီများ ဖြစ်ရန်လည်း လိုအပ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က အထက်ပါ အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ရန်ကုန်စတော့အိတ်ချိန်းတွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် တတိယသုံးလပတ်အတွင်း စတော့ရှယ်ယာတန်ဖိုး စုစုပေါင်းကျပ် သန်း ၇၉၀ ကျော်အရောင်းအဝယ်ဖြစ်မြောက်ခဲ့ပြီး ဒုတိယသုံးလပတ်ထက် ၁၅ ရာ ခိုင်နှုန်းကျဆင်းခဲ့ကြောင်း ရန်ကုန်စတော့ အိတ်ချိန်းတွင် ထုတ်ပြန်ထားချက်အရ သိရသည်။
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ဒုတိယသုံးလပတ်ဖြစ်သည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ မတ်လအထိလအတွင်း စတော့ရှယ်ယာအ ရောင်းအဝယ်ဖြစ်မြောက်မှုနှင့် တတိယသုံးလပတ်ဖြစ်သည့် ဧပြီမှဇွန်အထိ စတော့ရှယ်ယာအရောင်းအဝယ်ဖြစ်မြောက်မှု အခြေအနေများကို ထုတ်ပြန်ထားခြင်းဖြစ်သည်။
ယင်းထုတ်ပြန်ချက်အရ ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီခုနစ် ခုမှ တတိယသုံးလပတ်အတွင်း အရောင်းအဝယ်ဖြစ်မြောက်သည့် ရှယ်ယာစောင်ရေ စုစုပေါင်းမှာ တတိယသုံးလပတ်အတွင်း ၁၄၈၁၄၅ ဖြစ်ပြီး ဒုတိယသုံးလပတ်အတွင်း ၁၉၄၁၃၄ ဖြစ်ကာ တတိယသုံးလပတ်အ တွင်းမှာ ဒုတိယသုံးလပတ်ကာလထက် ၂၄ ရာခိုင်နှုန်းကျဆင်းခဲ့သည်။
အရောင်းအဝယ်ဖြစ်မြောက်သည့် စတော့ရှယ်ယာတန်ဖိုးစုစုပေါင်းအနေဖြင့် ဒုတိယသုံးလပတ်အတွင်း ကျပ်သန်း ၉၃၀ ဒသမ ၅၈သန်းရှိသည်၊ တတိယသုံးလပတ်အတွင်း ကျပ် ၇၉၀ ဒသမ ၈၇ သန်းရှိခဲ့သည်။ တတိယသုံးလပတ်အတွင်းမှာ ဒုတိယသုံးလပတ်ကာလထက် အရောင်းအဝယ်ဖြစ်မြောက်သည့် စတော့ရှယ်ယာတန်ဖိုး ၁၅ ရာ ခိုင်နှုန်းကျဆင်းခဲ့ကြောင်း ရန်ကုန်စတော့အိပ်ချိန်းတွင် ထုတ်ပြန်ထားချက်အရ သိရသည်။
နေ့စဉ်ပျမ်းမျှအရောင်းအဝယ်ဖြစ် မြောက်သည့်ရှယ်ယာစောင်ရေအနေဖြင့် ဒုတိယသုံးလပတ်အတွင်း ၃၁၈၃ ရှိခဲ့ပြီး တတိယသုံးလပတ်အတွင်း ၂၅၁၁ သာ ရှိခဲ့သဖြင့် တတိယသုံးလပတ်ကာလအနေဖြင့် ဒု တိယသုံးလပတ်ကာလထက် ၂၁ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်