
တစ်ပတ်အတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ပြည်ပသို့ ဆန်တန်ချိန် ၁၂၈၀၀ ကျော်တင်ပို့ခဲ့ပြီး တရုတ်နိုင်ငံသို့ ဆန်တန်ချိန် ၆၂၉၀ ဖြင့် အများဆုံးဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၂ ခုနှစ် ဇူလိုင် ၁၆ ရက်မှ ၂၂ ရက် အထိကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဒေါ်လာ ၅ဒသမ ၀၄၂ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၁၂၈၀၀ ကျော် တင်ပို့ခဲ့ကြောင်း၊ ဆန်တင်ပို့မှုအနေဖြင့် အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၁၁၄၈၀ နှင့်ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသို့ဆန်တန်ချိန် ၁၃၃၀ ကျော် တင်ပို့ခဲ့သည်။
နိုင်ငံအလိုက် ဆန်တင်ပို့မှုအနေဖြင့် တရုတ်နိုင်ငံသို့ ဆန်တန်ချိန် ၆၂၉၀၊ ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တန်ချိန် ၄၈၁၀၊ ထိုင်ဝမ်သို့ ဆန်တန်ချိန်၁၇၅၊ ဟောင်ကောင်သို့ ဆန်တန်ချိန် ၁၅၀ ကျော်နှင့် စင်ကာပူနိုင်ငံသို့ ဆန်တန်ချိန် ၅၀ တင်ပို့ခဲ့ပြီး အီးယူအဖွဲ့ဝင်နိုင်ငံများဖြစ်သော ဂျာမန်နိုင်ငံသို့ ဆန်တန်ချိန် ၄၂၀ ကျော်၊ လစ်ဗျားနိုင်ငံသို့ ဆန်တန်ချိန် ၃၀၀၊ ဆလိုဗေးနီးယားနိုင်ငံသို့ ဆန်တန်ချိန် ၂၆၀၊ ချက်သမ္မတနိုင်ငံသို့ ဆန်တန်ချိန် ၂၅၀ နှင့် ခရိုအေးရှားနိုင်ငံသို့ ဆန်တန်ချိန် ၁၀၀ တင်ပို့နိုင်ခဲ့သည်။
အဆိုပါကာလအတွင်း မြန်မာ-တရုတ်နယ်စပ်မှ ဆန်တန်ချိန် ၃၆၀၀ ခန့်တင်ပို့ပြီး တန်ဖိုးဒေါ်လာ ၁ ဒသမ ၃၄၄ သန်းရရှိခဲ့သည်။ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးမှစုစုပေါင်း ဆန်တန်ချိန် ၁၆၄၁၀ ကျော် တင်ပို့မှုမှ ဒေါ်လာ ၆ ဒသမ ၃၈၆ သန်းရရှိကြောင်း သိရသည်။
ယခုတစ်ပတ်အတွင်း မြန်မာ-တရုတ်နယ်စပ်မှ ဆန်ကွဲတန်ချိန် ၃၂၀၀ နှင့်မြန်မာ-ထိုင်းနယ်စပ်မှ ဆန်ကွဲတန်ချိန်၃၅၀ ကျော် စုစုပေါင်းဆန်ကွဲတန်ချိန် ၃၅၅၀ ကျော်တင်ပို့ခဲ့ပြီး ဒေါ်လာ ၁ ဒသမ ၁၆၅ သန်းရရှိခဲ့သည်။
ဇူလိုင် ၁၆ ရက်မှ ၂၂ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ တရုတ်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၃၃၅၀ ကျော်၊ စင်ကာပူသို့ ဆန်ကွဲ ၂၅ တန်နှင့် ဘယ်လ်ဂျီယန်သို့ ဆန်ကွဲတန်ချိန် ၁၀၀၀၊ စုစုပေါင်းတန်ချိန် ၄၃၈၀ တင်ပို့ခဲ့ပြီး တန်ဖိုးဒေါ်လာ ၁ ဒသမ ၅၄၇ သန်းရရှိခဲ့ကြောင်း သိရသည်။ နည်းလမ်းနှစ်သွယ်မှ ဆန်ကွဲတင်ပို့မှု စုစုပေါင်းတန်ချိန် ၇၉၃၀ ကျော်တန်ဖိုး ဒေါ်လာ ၂ ဒသမရ၁၂ သန်းရရှိခဲ့ကြောင်း သိရသည်။
အဆိုပါကာလအတွင်း ဆန်နှင့် ဆန်ကွဲ စုစုပေါင်းတင်ပို့မှုတန်ချိန် ၂၄၃၅၀ တင်ပို့မှုမှ ဒေါ်လာ ၉ ဒသမ ၀၉၇ သန်း ရရှိခဲ့သည်။
၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလကုန်အထိ ၁၂ လအတွင်း ပြည်ပသို့ဆန်နှင့် ဆန်ကွဲတင်ပို့မှုမှ ဒေါ်လာ ၆၈၇ ဒသမ ၂ သန်းရရှိခဲ့ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၁ ခုနှစ်အတွင်း လအလိုက် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှုမှ ဝင်ငွေရရှိမှုအနေဖြင့် ဇန်နဝါရီလတွင် ဒေါ်လာ ၉၆ ဒသမ ၂ သန်း၊ ဖေဖော်ဝါရီလတွင် ဒေါ်လာ ၄၅ သန်း၊ မတ်လတွင် ဒေါ်လာ၄၂ ဒသမ ၄ သန်း၊ ဧပြီလတွင် ဒေါ်လာ ၄၇ ဒသမ ၅ သန်း၊ မေလတွင် ဒေါ်လာ ၇၂ ဒသမ ၈ သန်း၊ ဇွန်လတွင် ဒေါ်လာ ၇၄ ဒသမ ၇ သန်း၊ ဇူလိုင်လတွင် ဒေါ်လာ ၁၈ သန်း၊ သြဂုတ်လတွင်ဒေါ်လာ ၁၈ ဒသမ ၈ သန်း၊ စက်တင်ဘာလတွင် ဒေါ်လာ ၃၈ ဒသမ ၂ သန်း၊ အောက်တိုဘာလတွင် ဒေါ်လာ ၅၆ ဒသမ ၂ သန်း၊ နိုဝင်ဘာလတွင် ဒေါ်လာ ၇၂ ဒသမ ၂ သန်းနှင့် ဒီဇင်ဘာလတွင် ဒေါ်လာ ၁၀၅ ဒသမ ၁ သန်းဖြင့် စုစုပေါင်းဒေါ်လာ ၆၈၇ ဒသမ ၂ သန်းရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်