
COVID- 19 ဖြစ်ပွားနေချိန်တွင် ရုံးဌာနအတွင်း လူစုလူဝေးများလျော့ကျစေရန် ဆေးပစ္စည်းအုပ်စု၊ ပြည်ပမှတင်သွင်းနေသည့် စားသောက်ကုန်များ၊ စားသုံးဆီ၊ စက်သုံးဆီ စသည့်ကုန်စည်များအတွက် သွင်းကုန်လိုင်စင်လျှောက်ထားမှုကို ဧပြီ ၁ ရက်မှစတင်၍ အွန်လိုင်းစနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ သိရသည်။
အဆိုပါ ကုန်စည်အမျိုးအစားအုပ်စုလေးခုအတွက် Over Sea (ပင်လယ်ရေကြောင်း) မှတင်သွင်းရန် လိုင်စင်လျှောက်ထားခြင်းတို့အတွက် အွန်လိုင်းစနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး နယ်စပ်ကုန် သွယ်ရေး၌လည်း ရုံးချုပ်လိုင်စင်လျှောက် ထားရန်လိုအပ်သည့်ကုန်စည် (ရုံးချုပ်လိုင်စင်) များကိုလည်း အွန်လိုင်းစနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်။
“ COVID- 19 ဖြစ်နေတဲ့အချိန်မှာ အွန်လိုင်းမပေးရသေးတဲ့ အမယ်တွေကို စဉ်းစားတာပေါ့။ အခုဆိုရင် ဆေးပစ္စည်းအုပ်စု၊ ဒါက တစ်အုပ်စုဖြစ်သွားမှာ၊ နောက်တစ်ခုက စားသုံးဆီအုပ်စု၊ စက်သုံးဆီအုပ်စု၊ ပြည်ပကသွင်းရတဲ့ အစားအသောက်အုပ်စုတွေ အဲဒါတွေကို ကျွန်တော်တို့က အွန်လိုင်းနဲ့ ဧပြီ ၁ ရက်ကနေစပြီး လုပ်ပေးမယ်။ အဲဒါတွေ လျှောက်ရမယ့်သူတွေက ကျွန်တော်တို့ဆီ မလာရတော့ဘူးပေါ့။ လူတွေကိုလည်း ကျွန်တော်တို့ လျှော့ချပြီးသားဖြစ်တယ်” ဟု စီး ပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြား ရေးမှူးချုပ် ဦးမင်းမင်းက The Daily Eleven သတင်းစာသို့ ပြောကြားသည်။
ယင်းကဲ့သို့ အွန်လိုင်းစနစ်ဖြင့် လိုင်စင်လျှောက်ထားရာတွင် ဝန်ကြီးဌာနမှ တည်ထောင်ထားသည့် Trade Net ဝက်ဘ်ဆိုက်တွင် အဖွဲ့ဝင်ဖြစ်ထားရန်လိုအပ်ပြီး အဖွဲ့ဝင် (Membership) မလုပ်ရသေးသူများအတွက် မတ် ၃၀ ရက် (လာမည့်တနင်္လာနေ့) က စတင်လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။
“အခုလောလောဆယ် အသိပေးတယ် ဆိုတာကလည်း ဒီပစ္စည်းတွေလုပ်တဲ့ ကုမ္ပဏီတွေအနေနဲ့ ကျွန်တော်တို့ဆီမှာ Trade Net လို့ခေါ်တဲ့ လိုင်စင်လျှောက်ရမယ့် ဝက်ဘ်ဆိုက်ရှိတယ်။ အဲဒီမှာ Membership လုပ်ရမှာ။ အဲဒါမှ သူ့ကို လက်ခံပေးလို့ရမှာ။ တချို့ကုမ္ပဏီတွေက မရှိသေးတာရှိတယ်။ အဲဒါတွေက လာမယ့်တနင်္လာနေ့ကစပြီး လုပ်လို့ရတယ်။ မလုပ်ရသေးရင် လာလုပ်။ အဲဒီနေ့က နေစပြီး နောက်ရက်တွေလည်း လာလုပ်လို့ရတယ်” ဟု ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက ဆိုသည်။
လက်ရှိတွင် ယခင်စနစ်အဟောင်း၌ ထည့်သွင်းဆောင်ရွက်ရခြင်းကြောင့် အနည်းငယ် ကြန့်ကြာမှုများရှိနိုင်သည့်အတွက် ကြိုတင်အသိပေးလိုကြောင်း၊ စနစ်အသစ်ကို ဆောင်ရွက်နိုင်ရန်အတွက် အမြန်ဆုံးဆောင်ရွက်နိုင်ရန် ညှိနှိုင်းထားကြောင်း သိရသည်။
“စနစ်အဟောင်းအပေါ်မှာပဲ လုပ်တာဖြစ်တဲ့အတွက် နည်းနည်းပါးပါး Error လေးတွေတော့ ရှိနိုင်တယ်။ နှစ်လသုံးလကြာမယ့် စနစ်ကိုလည်း အမြန်ဆုံးပြီးအောင် လုပ်နေတဲ့ကုမ္ပဏီတွေနဲ့ ညှိရမှာပေါ့” ဟု ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက ပြောကြားသည်။
ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် ပို့ကုန်/ သွင်းကုန်များအတွက် လိုင်စင်လျှောက်ထားမှုကို အွန်လိုင်းစနစ်ဖြင့် ပြီးခဲ့သည့် တစ်နှစ်ကျော်ကာလကတည်းက စတင်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။ စတင်ဆောင်ရွက်ပေးခဲ့သည့် အချိန်မှစ၍ လက်ရှိအချိန်အထိ စုစုပေါင်း ပို့ကုန်/ သွင်းကုန်လိုင်စင်၏ ရာခိုင်နှုန်း ၂၀ ခန့်အထိ ဆောင်ရွက်ပေးထားနိုင်ခဲ့ ခြင်းဖြစ်သည်။
ယခုကဲ့သို့ ကုန်စည်အုပ်စုလေးခုကို ထပ်မံခွင့်ပြုပေးခဲ့သည့်အတွက် အွန်လိုင်းစနစ်ဖြင့် လိုင်စင်ထုတ်ပေးခြင်းသည် ပို့ကုန်/ သွင်းကုန် လိုင်စင်စုစုပေါင်း၏ ရာခိုင်နှုန်း ၆၀ အထိ ရှိလာမည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်