
ချင်းပြည်နယ် ဟားခါးမြို့တွင် မြေပြိုဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် ဂျပန်နိုင်ငံ JICA မှ ပညာရှင်များက ကွင်းဆင်းလေ့လာမှုပြုလုပ်ခဲ့ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနနှင့် ဂျပန်နိုင်ငံ JICA မှ ပညာရှင်များ ပူးပေါင်း၍ ချင်းပြည်နယ် ဟားခါးမြို့အတွင်း မြေပြိုဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် မတ် ၂၂ ရက်က ကွင်းဆင်းလေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။
အဆိုပါအဖွဲ့သည် မတ် ၂၂ ရက် ညနေက ချင်းပြည်နယ်မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနရုံးသို့ ရောက်ရှိပြီး ဟားခါးမြို့အတွင်း မြေပြိုဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် ကြိုတင်ပြင်ဆင်သင့်သည့်အရာများ၊ ပြည်သူများ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သော အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ မြေပြိုဘေးအပါအဝင် သဘာဝဘေးအန္တရာယ်များ မကျရောက်မီ၊ ကျရောက်ဆဲ၊ ကျရောက်ပြီးနောက် ဒေသအခြေအနေနှင့် ကိုက်ညီမည့်ဆောင်ရွက်ရန်အချက်များကို ချင်းပြည်နယ် မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနမှူးနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး အဆိုပါရုံးအတွင်း ထားရှိသည့် မိုးလေဝသစခန်း တိုင်းတာရေးပစ္စည်းများကို လေ့လာကြည့် ရှုခဲ့သည်။
ဂျပန်နိုင်ငံ JICA အနေဖြင့် ဟားခါးမြို့တွင် မြေပြိုဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အာရုံခံစက်နှစ်လုံးကို ဟားခါးမြို့ မြို့ဟောင်းရပ်ကွက်နှင့် ဟားခါးထာရ်မြို့သစ်ရပ်ကွယ်တို့တွင် နှစ်နေရာတပ်ဆင်ထားရှိပြီး အာရုံခံစက်နှဏ်လုံးကို ထပ်မံထားရှိနိုင်ရေး ဒုတိယအကြိမ် ကွင်းဆင်းလေ့လာခြင်းဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ်က ဟားခါးမြို့တွင် မြေပြိုဘေးဖြစ်ပေါ်ခဲ့သည့်ဖြစ်စဉ်များနှင့် မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန၏ မိုးရေချိန်မှတ်တမ်းများအပေါ် အခြေခံ၍ မြေပြိုဘေးနှင့်ပတ်သက်သည့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မြေပြိုဘေးကျရောက်နိုင်သည့် အခြေအနေများတွင် ပြည်သူများ ကြိုတင်ပြင်ဆင်နိုင်ရေး သတင်းအချက်များကို သက်ဆိုင်ရာအစိုးရအဖွဲ့ တာဝန်ရှိသောဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံ JICA မှ Hayato NAKAMURA (Project Formulation Advisor) က ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်