
ယခင်ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက် မှ သြဂုတ်လကုန်အထိ မြန်မာ-တရုတ်နယ် စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ နယ်စပ်ကုန် သွယ်မှုပမာဏ ဒေါ်လာသန်း ၆၄၇၀ ကျော် ရရှိခဲ့သော်လည်း ယခုနှစ်အတွင်း ဒေါ်လာ သန်း ၅၄၅၀ ကျော်သာရရှိပြီး အထူးသဖြင့် မူဆယ်နှင့် လွယ်ဂျယ်နယ်စပ်တွင် ဒေါ်လာ သန်း ၁၂၇၀ ကျော် လျော့ကျနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ သြဂုတ်လကုန်အထိ မူဆယ် နယ်စပ်ကုန်သွယ်ရေးစခန်းမှကုန်သွယ်မှု ပမာဏ ဒေါ်လာ ၅၆၈၅ ဒသမ ၁၅၇ သန်း၊ လွယ် ဂျယ်နယ်စပ်ကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၁၉ ဒသမ ၀၇၃ သန်း၊ ချင်းရွှေဟော်နယ်စပ် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၄၂၆ ဒသမ ၆၀၅ သန်း၊ ကန်ပိုက်တီး နယ်စပ်ကုန်သွယ်မှုပမာဏ ဒေါ်လာသန်း ၁၄၀ ဒသမ ၀၁၂ သန်း ရရှိ ခဲ့သည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တို ဘာ ၁ ရက်မှ သြဂုတ်လကုန်အထိ မူဆယ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုပမာ ဏ ဒေါ်လာ ၄၅၃၅ ဒသမ ၇၆၉ သန်း၊ လွယ်ဂျယ်နယ်စပ်ကုန်သွယ်မှုပမာဏ ဒေါ် လာ ၁၃၈ ဒသမ ၉၅၂ သန်း၊ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၄၉၁ ဒသမ ၀၅၈ သန်း၊ ကန်ပိုက်တီးနယ်စပ်ကုန် သွယ်မှု ပမာဏ ဒေါ်လာသန်း ၂၈၄ ဒသမ ၆၇၅ သန်း ရရှိခဲ့သည်။
အဆိုပါ ကာလတူနှစ်ခုကို နှိုင်းယှဉ် ကြည့်ပါက မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၁၉၄ ဒသမ ၃၈၈ သန်းနှင့် လွယ်ဂျယ်နယ်စပ် ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၈၀ ဒသမ ၁၂၁ သန်း လျော့ ကျခဲ့သည်။ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၆၄ ဒသမ ၄၅၃ သန်းနှင့် ကန်ပိုက်တီး နယ်စပ်ကုန်သွယ်မှုပမာဏ ဒေါ် လာ ၁၄၄ ဒသမ ၆၆၃ သန်းပိုမိုရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ သိရသည်။
မြန်မာနိုင်ငံနှင့် အဓိကကုန်သွယ်မှုပြုနေသည့်နိုင်ငံများတွင် တရုတ်၊ ထိုင်း၊ အိန္ဒိ ယ၊ ဂျပန်၊ ကိုရီးယား၊ စင်ကာပူနှင့် မလေးရှား နိုင်ငံတို့ဖြစ်သည်။ နယ်စပ်ကုန်သွယ်ရေး တွင် တရုတ်၊ ထိုင်း၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တို့ဖြင့် ကုန်သွယ်မှုပြုလုပ်နေသည်။
နယ်စပ်ကုန်သွယ်ရေးစခန်း ၁၇ ခုအနက် မြန်မာ-တရုတ်နယ်စပ်တွင် မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်နှင့် ကန်ပိုက်တီးနယ်စပ် ကုန် သွယ်ရေးစခန်း၊ မြန်မာ-ထိုင်းနယ်စပ်တွင် ကျိုင်းတုံ၊ တာချီလိတ်၊ မြဝတီ၊ ကော့သောင်း၊ မြိတ်၊ နဘူလယ်/ထီးခီး၊ မောတောင်၊ မယ်စဲ့နယ်စပ် ကုန်သွယ်ရေးစခန်းတို့ဖြစ်သည်။ ကျန်သည့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှာ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့ဖြင့် ကုန်သွယ်မှု ပြုလုပ်နေ ခြင်းဖြစ်သည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင်ဖြစ်ပေါ် ခဲ့သည့် ပဋိပက္ခများကြောင့် အဓိကကျသည့် မူဆယ်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း ပြတ်တောက်ခဲ့ရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်