
ရန်ကုန်မိုးပျံအမြန်လမ်း Yangon Inner Road နှင့် ရန်ကုန်မြို့ပြင်ပတ်လမ်း Yangon Outer Ring Road စီမံကိန်းများကို မဟာဗျူဟာမြောက်လုပ်ငန်းများအဖြစ် စီမံကိန်းဘဏ် Project Bank တွင် ထည့်သွင်းအကောင်အထည်ဖော်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနမှဆောင်ရွက်မည့် ရေတို/ရေရှည်စီမံကိန်းနှင့် လျာထားချက်များတွင် အဆိုပါစီမံကိန်းကို Project Bank တွင် ထည့်သွင်းကာ မဟာဗျူဟာမြောက်ဆောင်ရွက်မည့် လုပ်ငန်းအဖြစ် လျာထားခြင်းဖြစ်သည်။
ရန်ကုန်မိုးပျံအမြန်လမ်းနှင့် ရန်ကုန်မြို့တော် အပြင်ပတ်လမ်းစီမံကိန်းအတွက် လုပ်ကိုင်ခွင့်ရကုမ္ပဏီကို လာမည့်အောက်တိုဘာတွင် ထုတ်ပြန်မည်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်တွင် စီမံကိန်း စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇော်မြင့်က The Daily Eleven သတင်းစာသို့ ပြောကြားထားသည်။
“ဒီစီမံကိန်းအတွက် လုပ်ကိုင်ခွင့်ရရှိသူကို အောက်တိုဘာမှာ ထုတ်ပြန်မှာဖြစ်ပါတယ်။ ကျွန်တော်တို့က One on One Meeting တွေ ကုမ္ပဏီနဲ့တွေ့ပြီးလုပ်တဲ့အခါ တချို့ဟာတွေမှာ Terms and Condition တွေ ညှိရသေးတယ်။ နောက်ပြီး ကျွန်တော်တို့ဒီဘက်က ဆောင်ရွက်ချက်တွေမှာ သူတို့က အချိန်လေးပေးပါပေါ့နော်၊ စက်တင်ဘာလကုန်မှာ သူတို့ကို Project Proposal တင်ခိုင်းမှာဖြစ်ပြီးတော့ အောက်တိုဘာမှာ ထုတ်ပြန်ပေးမှာဖြစ်ပါတယ်။ ဒီစီမံကိန်းကို ၂၀၂၀ မှာ စတင်တော့မှာဖြစ်ပါတယ်” ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇော်မြင့်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။
ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှု လျှော့ချနိုင်ရန်အတွက် အဓိကရည်ရွယ်၍ တည်ဆောက်မည်ဖြစ်သော ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့တို့ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သည်။
အဆိုပါစီမံကိန်းကို Public Private Partnership (PPP) ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး စုစုပေါင်း အရှည်မှာ ၄၇ ဒသမ ၅ ကီလိုမီတာဖြစ်သည်။ Phase 1 အဖြစ် အရှေ့ဘက်ခြမ်း လေးလမ်းသွားလမ်းမကြီး ၁၉ ကီလိုမီတာ၊ အရှေ့နှင့် အနောက်ချိတ်ဆက်ထားသော လေးလမ်းသွား ခြောက်ကီလိုမီတာ၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆက်သွယ်ထားသော နှစ်လမ်းသွား ၂ ဒသမ ၅ ကီလိုမီတာဖြင့် စုစုပေါင်း ၂၇ ဒသမ ၅ ကီလိုမီတာရှိကြောင်း သိရသည်။
ရန်ကုန်မိုးပျံအမြန်လမ်းနှင့် ရန်ကုန်မြို့တော်အပြင် ပတ်လမ်းစီမံကိန်းနှင့်အတူပင် လယ်ကူးသင်္ဘောဆိပ်ကမ်းများ၊ Dry Ports အခြေပြုမြို့သစ်များနှင့် နိုင်ငံ၏ စီးပွားရေး စင်္ကြံလမ်းမကြီးတစ်ခု ပေါ်ထွက်လာစေရန် ရည်ရွယ်ထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
ရန်ကုန်မိုးပျံအမြန်လမ်းမကြီးသည် ရန်ကုန်မြို့တွင်း၊ ရန်ကုန်ဆိပ်ကမ်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ မင်္ဂလာဒုံ စက်မှုဇုန်နှင့် ရန်ကုန်-မန္တလေးအမြန်လမ်းများသို့ ပိုမိုလွယ်ကူစွာသွားလာနိုင်ရန် မျှော်မှန်းထားသည်။
အဆိုပါစီမံကိန်းကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်လတွင် စတင်တည်ဆောက်ရန် ရည်မှန်းထားပြီး သုံးနှစ်အတွင်း ပြီးစီးနိုင်မည်ဟု ခန့်မှန်းထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်