
၂၀၂၂-၂၃ ဘဏ္ဍာနှစ် မေလတတိယပတ်အထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုကဏ္ဍ၌ ကုန်သွယ်ရေးလိုငွေ ဒေါ်လာ ၆၅ သန်းကျော်ဖြစ်ပေါ်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
ကုန်သွယ်ရေးလိုငွေဆိုသည်မှာ မိမိနိုင်ငံက တင်ပို့သည့်ပို့ကုန်ပမာဏထက် အခြားနိုင်ငံများမှ တင်သွင်းသည့် သွင်းကုန်ပမာဏ က ပို၍များနေခြင်းကို ဆိုလိုသည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများနှင့် ကုန်သွယ်ရေးဆောင်ရွက်ရာတွင် ပင်လယ်ရေကြောင်းကုန်သွယ်မှုနှင့် နယ်စပ်ကုန် သွယ်မှု နှစ်ခုလုံးဖြင့် ကုန်သွယ်ရေးဆောင် ရွက်နေခြင်းဖြစ်သည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ မေ ၂၀ ရက်အထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု စုစုပေါင်းပမာဏ ဒေါ်လာ ၄၀၆၃ ဒသမ ၆၇၈ သန်းရရှိထားသည်။
အဆိုပါကာလအတွင်း စုစုပေါင်းပို့ကုန်တင်ပို့မှုပမာဏ ဒေါ်လာ ၁၉၉၉ ဒသမ ၃၀၂ သန်းရှိပြီး သွင်းကုန်တင်သွင်းမှု ဒေါ်လာ ၂၀၆၄ ဒသမ ၃၇၆ သန်းအထိရှိသည်။
လက်ရှိဘဏ္ဍာနှစ် မေတတိယပတ်အထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု၌ ပို့ကုန်တင်ပို့မှုပမာဏသည် သွင်းကုန်တင်သွင်း မှုထက် ဒေါ်လာ ၆၅ ဒသမ ၀၇၄ သန်း လျော့ကျခဲ့သည်။ ထို့ကြောင့် ကုန်သွယ်ရေးလိုငွေ ဒေါ်လာ ၆၅ ဒသမ ၀၇၄ သန်းဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။
လက်ရှိဘဏ္ဍာနှစ် မေတတိယပတ်အထိ ပင်လယ်ရေကြောင်းကုန်သွယ်မှု ဒေါ်လာ ၃၁၅၇ ဒသမ ၀၅၈ သန်းရရှိသည်။ ယင်းအ နက်ပို့ကုန်တင်ပို့မှုပမာဏ ဒေါ်လာ ၁၃၀၁ ဒသမ ၇၈၉ သန်းသာရှိပြီး သွင်းကုန်တင်သွင်းမှု ဒေါ်လာ ၁၈၅၅ ဒသမ ၂၆၉ သန်းရှိ သည်။
နယ်စပ်ကုန်သွယ်မှုတွင် ဒေါ်လာ ၉၀၆ ဒသမ ၆၂၀ သန်းရှိပြီး ယင်းအနက် ပို့ကုန်တင်ပို့မှုပမာဏ ဒေါ်လာ ၆၉၇ ဒသမ ၅၁၃ သန်းအထိရှိပြီး သွင်းကုန်တင်သွင်းမှုဒေါ်လာ၂၀၉ ဒသမ ၁၀၇ သန်းသာရှိသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများအရ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးနှစ်အလိုက် ကုန်သွယ်ရေး လို ငွေ/ပိုငွေဖြစ်ပေါ်မှုများကို လေ့လာကြည့်ပါက ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကုန်သွယ်ရေးလိုငွေ ဒေါ်လာ ငါးဘီလျံကျော်ရှိခဲ့သည်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကုန်သွယ်ရေးလိုငွေ ဒေါ်လာ ၃ ဒသမ ၈ ဘီလျံကျော်၊ ၂၀၁၈ ခုနှစ်ကြားကာလ ခြောက်လတွင် ကုန်သွယ်ရေးလိုငွေ ဒေါ်လာတစ်ဘီလျံကျော်၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကုန်သွယ်ရေးလိုငွေ ဒေါ်လာတစ်ဘီလျံကျော်၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကုန်သွယ်ရေးလိုငွေ ဒေါ်လာ ၁ ဒသမ ၃ ဘီလျံကျော်ရှိခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်