
နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ပြည်ပခရီးစဉ်များ တိုးချဲ့ပျံသန်းရန် ဒုတိယမြောက် Boeing 777-800 NG လေယာဉ်သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ မေ ၂၇ ရက်ညနေပိုင်းက ရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ Boeing 777-800 NG လေယာဉ်အား Dubai Aerospace Enterprise(DEA)မှ ငှားရမ်းထားခြင်းဖြစ်ပြီး မြန်မာအမျိုးသားလေကြောင်း လိုင်းပျံသန်းနေသည့် ပြည်ပခရီးစဉ်များတွင် အားဖြည့်တိုးချဲ့ ပျံသန်းသွားမည်ဖြစ်သည်။
“အခုရောက်ရှိလာတဲ့ ဘိုးရင်းလေယာဉ်ကို ခန့်မှန်းဇူလိုင် ၂ ရက်၊ ၃ ရက်လောက်ကနေစပြီး စင်ကာပူကိုတစ်ပတ်လေးကြိမ်ပျံသန်း နေရာကနေ နေ့စဉ်တိုးချဲ့ပျံသန်းသွားမှာပါ။ နောက်ပြီး လက်ရှိနေ့စဉ် ပျံသန်းနေတဲ့ ဘန် ကောက်ခရီးစဉ်မှာလည်း ဘိုးရင်းနှစ်စီးကိုအလှည့်ကျအသုံးပြုသွားပါမယ်။ မြန်မာအမျိုးသားလေကြောင်းလိုင်းရဲ့ တရုတ်ပြည်ကို ပျံသန်းနေတဲ့ ခရီးစဉ်တွေဖြစ်တဲ့ ချန်ဒူး၊ ကူမင်းခရီးစဉ်တွေကိုလည်း ပျံသန်းသွားမှာပါ ဖြစ်ပါတယ်။ အဓိက ပြောရင် ပြည်ပခရီးစဉ် တွေအကုန်လုံးကို ဘိုးရင်းလေယာဉ်တွေနဲ့ပဲ ပျံသန်းသွားမှာပါ” ဟု မြန်မာအမျိုးသားလေကြောင်းလိုင်း၏ စီးပွားရေးဌာနမှူး ဦးနိုင်စောလွင်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။
မြန်မာအမျိုးသားလေကြောင်းလိုင်းကို ၁၉၄၈ ခုနှစ်တွင် U.B.A ‘ မြန်မာနိုင်ငံ လေကြောင်း သယ်ယူပို့ဆောင်ရေး’ အမည်ဖြင့် နိုင်ငံတော်ပိုင် သယ်ယူပို့ဆောင်ရေးလုပ်ငန်းအဖြစ် တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ၁၉၈၉ ခုနှစ်တွင် ယခုလေကြောင်းလိုင်းကို မြန်မာ့လေကြောင်းဟု အမည်ပြောင်းလဲခဲ့ပြီး ခရီးစဉ်ပေါင်း ၂၁ ခုကို ပျံသန်းခဲ့ခြင်းဖြစ်သည်။
၂၀၁၄ ခုနှစ်တွင် မြန်မာအမျိုးသားလေကြောင်း အမည်ပြောင်း၍ ပြည်တွင်းပြည်ပ ခရီးစဉ်များကို ပျံသန်းလျက်ရှိခြင်းဖြစ်သည်။ လက်ရှိတွင် မြန်မာအမျိုးသားလေကြောင်းမှ ပြည်တွင်းရှိ မြို့ပေါင်း ၂၈ မြို့ကို ပျံသန်းလျက်ရှိပြီး ပြည်တွင်းခရီးစဉ် အများဆုံးပျံသန်း နေသည့် လေကြောင်းလိုင်းတစ်ခုဖြစ်သည်။
ယင်းပြင် ပြည်ခရီးစဉ်များဖြစ်သော စင်ကာပူ၊ ဟောင်ကောင်၊ ဘန်ကောက်၊ ကွာလာလမ်ပူ၊ ကူမင်း၊ ချန်ဒူး၊ နယူးဒေလီ၊ ကာလ ကတ္တားနှင့် မနီလာမြို့များသို့ ပျံသန်းနေပြီး နိုင်ငံတကာခရီးစဉ်များကိုလည်း ဆက်လက် တိုးချဲ့ပျံသန်းရန် စီစဉ်နေကြောင်းလည်း သိရသည်။
နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်း လိုင်း၏လေယာဉ်များအား မြန်မာနိုင်ငံတွင်းနှင့် အာရှပစိဖိတ်ဒေသများသို့ စင်းလုံးငှားခရီး စဉ် ငှားရမ်းပျံသန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
လေယာဉ်စင်းလုံးငှားခရီးစဉ်နှင့် ပတ်သက်သော အချက်အလက်များကို Charter@flymna.com သို့ email ပေးပို့၍ အသေး စိတ်မေးမြန်းနိုင်ကြောင်း သိရသည်။
ရန်ကုန်-ထားဝယ်-ရန်ကုန် ခရီးစဉ်အား ပြည်တွင်းလေကြောင်းလိုင်းသုံးခု အကျိုးတူ ပူးပေါင်းဖွဲ့စည်းထားသည့် FLYALLIANCE အဖွဲ့ဝင်လေကြောင်းလိုင်း သုံးခုက နေ့စဉ်အလှည့်ကျပျံသန်းနေကြောင်း သိရသည်။
နိုင်ငံတကာ လေကြောင်းခရီးစဉ်များ ဆင်းသက်မှု ယာယီရပ်ဆိုင်းထားပြီး ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်များသာ ပျံသန်း နေသည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Commercial Flight များအား ပြန်လည် စတင်နေပြီဖြစ်ပြီး နိုင်ငံပိုင် မြန်မာ အမျိုးသားလေကြောင်းလိုင်း၏ စင်ကာပူ၊ ဘန်ကောက်နှင့် ကွာလာလမ်ပူခရီးစဉ်များ ပုံမှန်ပျံသန်းနေပြီဖြစ်သည်။
ပြည်တွင်းလေကြောင်းလိုင်းသုံးခု အကျိုးတူ ပူးပေါင်းဖွဲ့စည်းထားသည့် FLYALLIANCE အစီအစဉ်တွင် ခရီးသည်များအနေဖြင့်တူညီသည့် ခရီးစဉ်များတွင် လေကြောင်းလိုင်းပြောင်းရွှေ့စီးနင်းနိုင်မည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်