နိုင်ငံတကာစားသုံးဆီ ရောင်းလိုအားနည်းခြင်းကြောင့် ပြည်တွင်းစျေးနှုန်းအပေါ် သက်ရောက်မှုလျော့ကျစေရေးအတွက် ပဲမျိုးစုံ၊ ဆီထွက်သီးနှံနှင့်စားဆီတို့ကို ပို့ကုန်လိုင် စင်လျှောက်ထားရန်လိုသော ကုန်စည်လိုင်းများအဖြစ် သတ်မှတ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သည့် သတင်းလွှာ(၇/၂၀၂၂)ကို ၂၀၂၂ ခုနှစ် မေ ၂၃ ရက် စွွဲဖြင့် ထုတ်ပြန်လိုက်သည်။
ပြည်ပသို့တင်ပို့သည့်ကုန်စည်များနှင့် စပ်လျဉ်း၍ နိုင်ငံတော်လုံခြုံရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို ကာကွယ်ရေးအစရှိသည့်ရည်ရွယ်ချက်များဖြင့် ပို့ကုန်လိုင်စင်လျှောက်ထားရန်လိုသော ကုန်စည်လိုင်းများအဖြစ် 2017 Customs Tariff of Myanmar အရ H.S Code 6 Digit ဖြင့် ကုန်စည် ၇၈၉ လိုင်း၊ H.S Code 10 Digit ဖြင့် ကုန်စည် ၁၂၃၆ လိုင်းကို အမိန့်ကြော်ငြာစာအမှတ်(၅၁/၂၀၂၀)နှင့် ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သည့်သတင်းလွှာ(၃/၂၀၂၂)တို့ဖြင့် ထုတ်ပြန်သတ် မှတ်ထားသည်။
လက်ရှိတွင် ကုန်သွယ်ဖက်နိုင်ငံနှင့် ချုပ်ဆိုထားသောစာချုပ်များအရ ပြည်ပသို့တင်ပို့ရာတွင် စနစ်တကျတင်ပို့နိုင်ရန်လည်း ကောင်း၊ နိုင်ငံတကာစားသုံးဆီ ရောင်းလိုအားနည်းခြင်းကြောင့် ပြည်တွင်းစျေးနှုန်းအပေါ် သက်ရောက်မှုလျော့ကျစေရေးနှင့် ပြည်တွင်းစားသုံးဆီဖူလုံစေရေးတို့အတွက် ဆီထွက်သီးနှံနှင့် စားဆီတင်ပို့မှုများအား ထိန်းညှိနိုင်ရန်လည်းကောင်း ပူးတွဲပါ 2017 Customs Tariff of Myanmar အရ ပဲမျိုးစုံအကျုံးဝင်သည့် H.S Code 6 Digit ဖြင့် ကုန်စည် ၁၅ လိုင်းသို့မဟုတ် H.S Code 10 Digit ဖြင့် ကုန်စည် ၅၃ လိုင်း၊ ဆီထွက်သီးနှံအကျုံးဝင်သည့် H.S Code 6 Digit ဖြင့် ကုန်စည် ၁၄ လိုင်း သို့မဟုတ် H.S Code 10 Digit ဖြင့် ကုန်စည် ၁၈ လိုင်းနှင့် စားဆီအကျုံးဝင်သည့် H.S Code 6 Digit ဖြင့် ကုန်စည် ၂၄ လိုင်း သို့မဟုတ် H.S Code 10 Digit ဖြင့် ကုန်စည် ၁၁၀ လိုင်း၊ စုစုပေါင်း H.S Code 10 Digit ဖြင့် ကုန်စည် ၁၈၁ လိုင်းကို ပို့ကုန်လိုင်စင်လျှောက်ထားရန်လိုသော ကုန်စည်လိုင်းများအဖြစ် သတ်မှတ်လိုက်သည်။
သို့ဖြစ်ရာ အထက်အပိုဒ် ၂ ပါ ပို့ကုန် လိုင်စင်လျှောက်ထားရန်လိုသော ကုန်စည်လိုင်းများအနက် မည်သည့်ကုန်စည်ကိုမဆို ပြည်ပသို့ ပင်လယ်ရေကြောင်း၊လေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှ တင်ပို့ရာတွင် ၂၀၂၂ ခုနှစ် သြဂုတ် ၁ ရက်မှစတင်၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ပို့ကုန် လိုင်စင်လျှောက်ထားရယူပြီးမှသာ တင်ပို့ခွင့်ပြုမည်ဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနက အသိပေးထုတ်ပြန်လိုက်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
