
အီးယူနိုင်ငံများက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလျက်ရှိသည့် လုပ်ငန်းများအနေဖြင့် RCEP စာချုပ်ပါ ပင်ရင်းနိုင်ငံ စည်းမျဉ်းနှင့်အညီ ထုတ်ကုန်များ ထုတ်လုပ်၍ အဖွဲ့ဝင်နိုင်ငံများသို့ တင်ပို့နိုင်မည့် အခွင့်အလမ်းများ ရရှိမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန (MIFER) ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားခဲ့ သည်။
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး Mr. Ranieri Sabatucci ဦးဆောင်သော မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့နှင့် Video Conferencing စနစ်ဖြင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။
နှစ်ဖက်ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးမြှင့်ပူးပေါင်း ဆောင်ရွက်ရေးအတွက် ဆွေးနွေးရာတွင် မကြာသေးမီက ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership – RCEP) သဘောတူစာချုပ်တွင် မြန်မာနိုင်ငံ ပါဝင်လက်မှတ် ရေးထိုးခဲ့ကြောင်း၊ အဆိုပါ စာချုပ်သည် ယခင်က ရှိခဲ့သော ကုန်သွယ်မှုစာချုပ်များနှင့် မတူဘဲ စီးပွားရေးဖွံ့ဖြိုးမှု အဆင့်အတန်း မတူညီသည့် အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်သော ကမ္ဘာ့အကြီးဆုံး ကုန်သွယ်မှုနယ်မြေ စာချုပ်တစ်ခု ဖြစ်ကြောင်းနှင့် အဆိုပါ စာချုပ် ချုပ်ဆိုနိုင်ခြင်းကြောင့် အဖွဲ့ဝင်နိုင်ငံများအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို ရှေ့ဆက် ဆောင်ရွက်နိုင်ရန်အတွက် အခြေခံ အုတ်မြစ်တစ်ခု ချမှတ်နိုင်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားသည်။
အီးယူနိုင်ငံများက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလျက်ရှိသည့် လုပ်ငန်းများအနေဖြင့် RCEP စာချုပ်ပါ ပင်ရင်းနိုင်ငံ စည်းမျဉ်းနှင့်အညီ ထုတ်ကုန်များ ထုတ်လုပ်၍ အဖွဲ့ဝင်နိုင်ငံများသို့ တင်ပို့နိုင်မည့် အခွင့်အလမ်းများ ရရှိမည်ဖြစ်ကြောင်း၊ အာရှသည် ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးမှု၏ အဓိကဒေသအဖြစ် ယခင်ကတည်းက ရပ်တည်မှုကို RCEP ပူးပေါင်းဆောင်ရွက်မှုက ပိုမိုခိုင်မာ အားကောင်းစေမည်ဟု ယုံကြည်ကြောင်း၊ ကိုဗစ်ကာလအတွင်း ဘက်စုံလွှမ်းခြုံပြီး ကြံ့ကြံ့ခံနိုင်စွမ်းရှိသည့် ကုန်ထုတ်လုပ်မှု ကွင်းဆက်ကို ထူထောင်နိုင်ရန် လိုအပ်လာသည့်အတွက် အာရှနိုင်ငံအများစု ပါဝင်သည့် RCEP က ကမ္ဘာ့ထုတ်လုပ်မှု ကွင်းဆက်ကို ပုံမှန်ပြန်လည် လည်ပတ်လုပ်ကိုင် နိုင်သည်အထိ တစ်ဆင့်ပြီးတစ်ဆင့် စွမ်းဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
ကမ္ဘာတွင် အကြီးဆုံး လွတ်လပ်သည့် ကုန်သွယ်မှုဒေသ ဖြစ်လာမည့် (Regional Comprehensive Economic Partnership – RCEP) ကို နိုဝင်ဘာ ၁၅ ရက်က လက်မှတ်ထိုးလိုက်ပြီဖြစ်သည်။
အာဆီယံ ၁၀ နိုင်ငံနှင့် Free Trade Areas (FTA) ဆွေးနွေးဖက် ခြောက်နိုင်ငံပေါင်းပြီး လက်မှတ် ရေးထိုးခြင်းဖြစ်ပြီး မြန်မာနိုင်ငံ အနေဖြင့် ကမ္ဘာ့အဆင့်မီ နိုင်ငံတကာ ကုန်သွယ်ရေးစာချုပ် တစ်ခုတွင် အဖွဲ့ဝင်အဖြစ် ပါဝင်မည်ဖြစ်သည်။
ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership – RCEP) ဆိုသည်မှာ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံနှင့် ယင်း၏ ဆွေးနွေးဖက် ခြောက်နိုင်ငံ ဖြစ်သော တရုတ်၊ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယ၊ သြစတြေးလျနှင့် နယူးဇီလန်နိုင်ငံတို့ ပါဝင်စေ့စပ် ညှိနှိုင်းခဲ့သည့် လွတ်လပ်သော ကုန်သွယ်မှုဒေသ ထူထောင်ရေးဆိုင်ရာ သဘောတူ စာချုပ်တစ်ခု ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်