
COVID-19 ကြောင်း လုပ်ငန်းအချို့ ပိတ်ထားရဆဲနှင့်အရောင်းမရှိဖြစ်နေဆဲ ဖြစ်သဖြင့် လုပ်ငန်းပိုင်ရှင်များက ယင်းတို့၏ အနာဂတ်စီးပွားရေးအခြေအနေကို စိုးရိမ် နေကြကြောင်း Asia Foundation မှထုတ် ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
COVID-19 ရောဂါဆက်လက်ဖြစ် ပွားနေသဖြင့် မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ငန်းများ ရောင်းအားများနှင့်အမြတ်အ စွန်များရရှိရန် ဆက်လက်နှောင့်နှေးအေး စက်ဖွယ်ရှိနေကြောင်း၊ COVID-19၏ စီး ပွားရေးအပေါ် အကျိုးသက်ရောက်မှုနှင့် ပတ်သက်၍ အာရှဖောင်ဒေးရှင်း၏ဒုတိယ စစ်တမ်းမှ တွေ့ရှိချက်အရ အကျိုးသက်ရောက်မှုများမှာ ကွဲပြားမှုများ ပိုမိုလာပြီး အချို့စီး ပွားရေးလုပ်ငန်းများသည် ထိခိုက်မှုနည်းပါး ခြင်းနှင့် ကူးစက်ရောဂါနှင့်အညီ လိုက်လျော ညီထွေဖြစ်အောင် ပြောင်းလဲနိုင်သော်လည်း အချို့သောလုပ်ငန်းများ ဆက်လက်ပိတ် ထားရဆဲနှင့် အရောင်းမရှိဖြစ်နေဆဲဖြစ်ကာ လုပ်ငန်းပိုင်ရှင်များသည် သူတို့၏ စီးပွား ရေးအနာဂတ်အတွက် စိုးရိမ်နေကြကြောင်း ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ မြို့ပြမြို့နယ်များဖြစ် သော ရန်ကုန်နှင့်မန္တလေးတိုင်းဒေသကြီးရှိ အဝတ်/အထည်အလိပ်ထုတ်လုပ်ခြင်း၊ သယ်ယူပို့ဆောင်ရေးနှင့် ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းများသည် အခြားနေရာများနှင့် အခြားလုပ်ငန်းများနှင့် နှိုင်းယှဉ်ပါကအများ ဆုံးထိခိုက်ခံစားနေရကြောင်း သိရသည်။
သို့သော် စီးပွားရေးစွမ်းဆောင်ရည်အပေါ် သိသာထင်ရှားသည့် တိုးတက်မှုများမရှိသော်လည်း စီးပွားရေးပိုင်ရှင်များသည် COVID-19မှ စီးပွားရေးလုပ်ငန်းများ ဆက် လက်ရှင်သန်နိုင်သည့်အခွင့်အလမ်း များကို ပိုမိုအကောင်းမြင်လာကြသည်။
အစိုးရသည် စီးပွားရေးလုပ်ငန်းများ အထူးသဖြင့် ထိခိုက်မှုများနိုင်မည့် လုပ်ငန်း အမျိုးအစားကို ဆက်လက်အထောက်အပံ့ပေးသင့်သည်မှာ ထင်ရှားသည်။ထို့ပြင် အစိုးရသည် စီးပွားရေးစွမ်းဆောင်ရည်ကျဆင်းခြင်းနှင့် ပထမဝီအနေအထားကွဲပြားခြားနားမှုကြောင့် ပိတ်ချခြင်း(Lockdown) အစီအမံများ သို့မဟုတ် COVID-19 ဖြစ်ပွား မှုအရေအတွက်ကြား ဆက်စပ်မှုရှိနေနိုင် ခြင်းကို ထည့်သွင်းစဉ်းစားသင့်သည်။အစိုး ရအနေဖြင့် လူများ၏ကျန်းမာရေးကို ဂရုစို က်ကာကွယ်နေစဉ် ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးသည် တစ်နိုင်ငံလုံးအတိုင်းအ တာဖြင့် ထိရောက်စွာ ဆက်လက်လည်ပတ် စေရန် နောက်ထပ်အားထုတ်မှုများ ပြုလုပ်ရန် စဉ်းစားသင့်ကြောင်း ဖော်ပြထားသည်။
စီးပွားရေးလုပ်ငန်းများအပေါ် COVID-19 ကမ္ဘာ့ကပ်ရောဂါသက်ရောက်မှုကို လေ့လာဆန်းစစ်သော စစ်တမ်းနှစ်ခုလုံးသည် အာရှဖောင်ဒေးရှင်း၏ မြန်မာ့စီးပွား ရေးဝန်းကျင်ညွှန်းကိန်း(MBEI) အတွက် စစ်တမ်းကောက်ယူခဲ့သည့်အချက်အလက်များအပေါ် အခြေခံထားသည်။
စစ်တမ်းဖြေဆိုသူများအား စီးပွားရေး ဝန်းကျင်အပေါ် ၎င်းင်းတို့၏ထင်မြင်ချက်များကို မေးမြန်းပြီး မြန်မာနိုင်ငံ၏ ပြည်နယ်၊တိုင်း ဒေသကြီးများနှင့် မြို့နယ်များရှိအဖြေများကို နှိုင်းယှဉ်လေ့လာထားသည့် စစ်တမ်းတစ်ခု ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်