ပြည်ထောင်စု နယ်မြေ နေပြည်တော်ရှိ ဘောဂသီရိကားဝင်းအတွင်းသို့ စက်တင်ဘာ (၁၁) ရက် ညပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေများ ဝင်ရောက်လာပြီး ကားဝင်းအတွင်းရှိ ယာဉ်များအားလုံး ဥပါတသန္တိဘုရာကုန်းဘက်သို့ ညတွင်းချင်း ရွှေ့ပြောင်းထားရကြောင်း ဒေသခံများထံမှ သိရသည်။
စက်တင်ဘာ (၁၁) ရက် ညပိုင်းက ဘောဂသီရိကားဝင်းနှုင့် နှင်းဆီပန်းအဝိုင်းကြား ရေကြီး / ရေလျှံမှု ဖြစ်ပေါ်ခဲ့ပြီး ယာဉ်များအားလုံး ရွှေ့ပြောင်းထားရပြီး လက်ရှိ ကားဝင်းအတွင်းရှိ ဆိုင်များလည်း ယနေ့ စက်တင်ဘာ (၁၂)ရက် နံနက်ပိုင်းမှ စတင်၍ ပိတ်သိမ်းထားရကြောင်း သိရသည်။
“ဘောဂသီရိ ကားကွင်း ကားဂိတ်တွေထဲထိ ရေဝင်လာနေတာ ဝန်းထဲဆို ရေက လူရဲ့ ချက်လောက်ထိ ရောက်နေပြီး အခြေနေမကောင်းဘူး။ ရေက ခုမနက်လည်း ဆက်ပြီး တက်နေတယ်။ သူတို့တွေ ပြင်ဆင်ချိန်တောင် မရဘဲ ကားတွေ အကုန်အမြန်ရွှေ့နေကြတာ။ အုတ်တံတိုင်းလည်း ကျိုးသွားပြီ ကားတွေလည်း အကုန်မောင်းပြေးရတယ်။”ဟု ဘောဂသီရိကားကွင်းအနီးရှိ ဒေသခံ တစ်ဦးက ပြောသည်။
ထို့ပြင် ဘောဂသီရိကားကွင်းအနီးရှိ ဆင်ေ-သချောင်းဘေးမှ ရှမ်းရွာ၊ အလယ်ရွာ၊ ကျောက်ချက်ကျေးရွာများ တာဘောင်ကျိုးပြီး ရွာထဲရှိ နေအိမ်များ ရေမြုပ်နေကြောင်းလည်း သိရသည်။
တိုင်ဖွန်းမုန်တိုင်းယာဂီ၏ အရှိန်ကြောင့် နေပြည်တော်ဝန်းကျင်တွင် (၈) ရက်တွင် နေရာကျဲကျဲ၊ (၉) ရက်တွင် နေရာစိပ်စိပ်၊ (၁၀) ရက်နှင့် (၁၁) ရက်တိုတွင် နေရာအနှံအပြား မိုးအဆက်မပြတ်ရွာသွန်းခဲ့ စက်တင်ဘာ (၁၁) ရက်တွင် မိုးရေချိန် အနည်းဆုံး ၀ ဒသမ ၆၇ လက်မမှ အများဆုံး ၄ ဒသမ ၂၁ လက်မအထိ ရွာသွန်းခဲ့ကာ နေပြည်တော်ကောင်စီနယ်မြေအတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသည့် ငလိုက်ချောင်း၊ ဆင်သေချောင်းနှင့် ပေါင်းလောင်းမြစ်တိုတွင် မြစ်ရေများ အဆက်မပြတ်မြင့်တက်လျက်ရှိကြောင်း သိရသည်။
ထိုသို မိုးအဆက်မပြတ်ရွာသွန်းမှုများကြောင့် ချောင်းရေနှင့် မြစ်ရေများ အဆက်မပြတ်မြင့်တက်လာမှုနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး တပ်ကုန်းမြို့နယ် ဘုရင့်နောင်ရပ်ကွက်၊ အနော်ရထာရပ်ကွက်နှင့် ကျေးရွာအချို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခြင်း၊ တံတားအချို ရေတိုက်စားပျက်စီးခြင်း၊ ရန်ကုန်-မန္တလေး လမ်းဟောင်း အချို့နေရာများတွင် ရေကျော်ခြင်းများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
အလားတူ ဆင်ေ-သချောင်းနှင့် ပေါင်းလောင်းမြစ်ရေမြင့်တက်လာမှုကြောင့် ဇေယျာသီရိမြိုနယ်နှင့် ပုဗ္ဗသီရိမြိုနယ်အတွင်းရှိ လူနေရပ်ကွက်များနှင့် ကျေးရွာများတွင် ရေကြီးရေလျှံခြင်း၊ ရန်ကုန်-မန္တလေး လမ်းဟောင်းတစ်လျှောက် ရေကျော်မှုများ ဖြစ်ပေါ်မှုကြောင့် မော်တော်ယာဉ်များသွားလာ၍ မရကြောင်း သိရသည်။
ယာဂီမုန်တိုင်းအရှိန်ကြောင့် နေပြည်တော်ဒေသနှင့် အရှေ့ဘက်ကုန်းမြင့် ဒေသများတွင် မိုးရွာသွန်းမှု များပြားလျက်ရှိပြီး ပျဉ်းမနားမြို့အတွင်း ငလိုက်ချောင်း၊ ဆင်ေ-သချောင်းနှင့် ပေါင်းလောင်းမြစ်တစ်လျှောက်ရှိ အနိမ့်ပိုင်းဧရိယာများနှင့် ကျေးရွာများအနေဖြင့် ရေဘေးအန္တရာယ် သတိပြုနေထိုင်ကြပါရန် နှိုးဆော်တိုက်တွန်းနေကြောင်း သိရသည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
