ရှမ်းပြည်နယ်ဘက်မှ စိုက်ပျိုးထွက်ရှိသည့် ခရမ်းချဉ်သီးများ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် အခြားဒေသများသို့ မတင်ပို့နိုင်သည့်အတွက် ဈေးကောင်းမရကြောင်း ခရမ်းချဉ်သီးစိုက်တောင်သူများ၏ ပြောပြချက်အရ သိရသည်။
ရန်ကုန်တွင် ခရမ်းချဥ်သီးတပိဿာ ကျပ် ၂၅၀၀ အထိရှိသော်လည်း ရှမ်းပြည်ဘက်တွင် တောင်သူများအနေဖြင့် ခရမ်းချဉ်သီးတပိဿာ (၃၀၀) ကျပ်သာရရှိသည့်အတွက် တောင်သူများ အရှုံးပေါ်နေကြောင်း သိရသည်။
” ရှမ်းပြည်နယ်က ခရမ်းချဥ်သီးစိုက်တဲ့ တောင်သူတွေအနေနဲ့ အခြားဒေသတွေကို ပို့ဖို့အခက်အခဲရှိတယ်။ အထွက်နှုန်းကတိုးတယ်။ ပို့ဆောင်ဖို့ အခက်အခဲရှိတော့ အထွက်နှုန်းတိုးပေမဲ့ ဈေးကောင်းမရတဲ့ အခြေအနေတွေကြောင့် အရှုံးပေါ်ပြီး လွှင့်ပစ်လိုက်ရတဲ့ အခြေအနေတွေအထိ ဖြစ်ကုန်တယ်”ဟု ရှမ်းပြည်နယ်မှ ခရမ်းချဉ်သီးစိုက်တောင်သူတစ်ဦးက ပြောသည်။
ဇူလိုင်လတွင် ခရမ်းချဥ်သီးတပိဿာ ကျပ် (၂၅၀၀) အထိ ဈေးကောင်းရခဲ့သော်လည်း ဩဂုတ်လတွင် (၁၀၀၀) ကျပ်အထိ ကျဆင်းလာကာ ယခု စက်တင်ဘာလပထမအပတ်တွင် တပိဿာ ကျပ် (၃၀၀) သာရရှိတော့ကြောင်း သိရသည်။
ယင်းအခြေအနေများကြောင့် ရန်ကုန်သို့ ခရမ်းချဉ်သီးအဝင် နည်းလာပြီး ခရမ်းချဉ်သီးဈေးနှုန်းများ ပိုမိုမြင့်တက်လာနိုင်ခြေရှိကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံ၌ ခရမ်းချဉ်သီးကို မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် စသည့်ဒေသများ၌ စိုက်ပျိုးကြပြီး ဒေသတစ်ခုနှင့်တစ်ခု စိုက်ပျိုးချိန် မတူညီကြောင်း သိရသည်။
ပုံမှန်အားဖြင့် နှစ်စဉ် မေလမှစက်တင်ဘာလအတွင်း ခရမ်းချဉ်သီးဈေးကောင်း ရရှိသော်လည်း ယခုနှစ်တွင် အကြောင်း အမျိုးမျိုးကြောင့် ခရမ်းချဉ်သီးဈေးကွက် မတည်မငြိမ်ဖြစ်နေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
