ယခုကာလအတွင်း ရန်ကုန်မြို့ပတ်ရထားစီးနင်းသူခရီးသည်ဦးရေ လျော့နည်းလာကြောင်း မြန်မာ့မီးရထားမှ သိရသည်။
ယခင်က မြို့ပတ်ရထားစီးနင်းသူခရီးသည် ဦးရေသည် တစ်ရက်လျှင် (၇၀၀၀) ဝန်းကျင်အထိရှိခဲ့သော်လည်း လက်ရှိတွင် မိုးတွင်းကာလဖြစ်သည့်အတွက် ရထားစီးသူခရီးသည်ဦးရေ လျော့ကျလာကြောင်း သိရသည်။
” အခုက မိုးတွင်းလည်းဖြစ်တယ်ဆိုတော့ ခရီးသည်သိပ်မရှိဘူး။ နည်းသွားတယ်။ ပြီးတော့ နောက်အသစ်ရောက်တဲ့ ရထားတွေနဲ့ ဘူတာ ပလက်ဖောင်းတွေနဲ့က သိပ်အဆင်မပြေဘူး။ ခရီးသည်တွေအတွက် အဆင်ပြေအောင် ပလက်ဖောင်းတွေကို အဆင့်မြှင့်တင်တာတွေလုပ်နေတယ်”ဟု မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ပြောသည်။
ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း၌ ယခင်က ရထားအခေါက်ရေ (၃၀) သာ ပြေးဆွဲပေးရာမှ ကိုဗစ်ကာလနှင့် ကိုဗစ်ကာလအလွန်တွင် ရုံးချိန်ရထား အပါအဝင် အခေါက်ရေ (၂၆) ခေါ က် ပြေးဆွဲပေးနေကြောင်း သိရသည်။
ရန်ကုန်မြို့ပတ်ရထားခရီးစဉ်တလျှောက်တွင် ဘူတာရုံပေါင်း (၃၈)ရုံရှိပြီး လတ်တလောကာလ၌ ရထားတွဲဆိုင်း (၆) ဆိုင်းဖြင့် ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းကို အဆင့်မြှင့်တင်မှုများပြုလုပ်နေပြီး အဆင့်မြှင့်တင်မှုလုပ်ငန်းများပြီးစီးပါက ရထားတစ်စင်းနှင့် တစ်စင်း (၁၀) မိနစ်မှ (၁၂) မိနစ်ခြားစီ ပြေးဆွဲမည်ဖြစ်ကာ မြို့တစ်ပတ်ကြာချိန်အား တစ်နာရီနှင့် မိနစ် (၅၀)သို့လျှော့ချနိုင်မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ရထားစီးခရီးသည် နှစ်သိန်းလေးသောင်းခန့်အား သယ်ယူပို့ဆောင်ပေးနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
