ယာဂီမုန်တိုင်းအရှိန်ကြောင့် မ်ိုးများကာ စက်တင်ဘာ ဆယ်ရက်နေ့မှ စတင်ကာ ကလောမြို့တွင် ရေကြီးရေလျှံ ဖြစ်နေကာ ဖုန်းအင်တာနက်လိုင်းများလည်း ပြတ်တောက်နေသည်။
မိုးများကာ တောင်ကျချောင်းရေမြင့်တက်လာပြီး ကလောချောင်းရေ မြင့်တက်လာမှုကြောင့် ကလောမြို့ရှိ မြို့ပေါ်ရပ်ကွက်များ ရေကြီးရေလျှံမှုများ ဖြစ်ပွါးနေခြင်းဖြစ်သည်။
လက်ရှိတ္ငင် ကလော၊ အောင်ပန်း ၊ ရွာငံ ဒေသများတွင် ဖုန်းနှင့်အင်တာနက်လိုင်းများ ဆက်သွယ်မရဖြစ်နေပြီး ယမန်နေ့မနက် ရှစ်နာရီခန့်က ၄င်း၏ အကိုနှင့် နောက်ဆုံး ဖုန်းဆက်သွယ်၍ ရကြောင်း မန္တလေးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“ရှမ်းတောင်မှာ ဖုန်းလိုင်းတွေမရဘူး၊ MPT တော့ရတယ်ကြားတယ်” ဟု ထိုအမျိုးသမီးက ပေါ်ပြူလာနယူးကို ထပ်ဆောင်းပြောပြသည်။
ထို့အပြင် ရေကြီး မြေပြိုမှုများကြောင့် တောင်ကြီးမြို့နှင့် ရန်ကုန်၊ မန္တလေး ကားလမ်းများ ပြတ်တောက် ပိတ်ဆို့နေကာ လိုင်းကားများ ပြေးဆွဲမှု ရပ်တန့်ထားပြီး လမ်းခရီး၌ ပိတ်မိနေမှုများလည်း ရှိနေကြောင်း အဝေးပြေးယာဥ်လိုင်းများက ယမန်နေ့စက်တင်ဘာလ ၁၁ ရက် နေ့တွင် ပေါ်ပြူလာနယူးကို ဖြေဆိုသည်။
“ကျွဲတပ်စုံ ယင်းမာပင် ကလော လမ်းကိုမနေ့က လည်း ညဘက်ပိတ်ထားပါတယ်၊ ရေကြီးမြေပြိုနေတာတွေရှိပါတယ်၊ ညဘက်မမြင်နိုင်လို့အန္တရာယ်ရှိလို့ထင်ပါတယ်၊ ကားတွေက အဲမှာပိတ်မိနေပါတယ်” ဟု အဝေးပြေးယာဉ်လိုင်း တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။
ယာဂီမုန်တိုင်းအရှိန်ကြောင့် နိုင်ငံတဝှမ်း ရေကြီးမှုများ ကြုံတွေ့နေရာ နေပြည်တော် တပ်ကုန်းရှိ ရန်ကုန်-မန္တလေးလမ်းဟောင်း နဝင်းချောင်းအားဖြတ်၍တည်ဆောက်ထားသော အဆုံတံတားလည်း ကျိုးကာ ပျော်ဘွယ်၊ ရမည်းသင်း၊ အပါအဝင် ရှမ်းတောင်ဒေသများတွင် ရေကြီးရေလျှံမှုများဖြစ်ပွါးနေသည်။
ထိုနည်းတူ ရေတိုက်စားမှုကြောင့် ကားလမ်း၊ရထားလမ်းများလည်း ပြတ်တောက် ပိတ်ဆို့မှုများ ဖြစ်ပေါ်နေပြီး လမ်းခရီးသွားလာဆက်သွယ်မှု အခက်အခဲ ရက်အနည်းငယ် ကြာမြင့်နိုင်ကြောင်း သိရသည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
