Top News

နေပြည်တော်သို့ ရေဘေးလာကူမည့် ကယ်ဆယ်ရေးလူနာတင်ယာဉ်အစီး ၁၀၀ အတွက် တစ်စီးလျှင် စက်သုံးဆီ ၁၀ ဂါလံနှုန်း လှူဒါန်းမည်ဟု New Day ဆီဆိုင် ကြေညာ
24htopnews | September 12, 2024 3:12 PM CST

နေပြည်တော်သို့ ရေဘေးလာကူမည့် ပရဟိတယာဉ်အစီး ၁၀၀ အတွက် တစ်စီးလျှင် စက်သုံးဆီ ၁၀ ဂါလံနှုန်း လှူဒါန်းမည်ဟု New Day ဆီဆိုင်က ‌ကြေညာသည်။

လှုဒါန်းမည့် စက်သုံးဆီဆိုင်မှာ နေပြည်တော်နယ်မြေ၊ ပျဉ်းမနားမြို့၊သပြေလှသက်ကယ်ကျင်းရပ်၊ ရန်ကုန်မန္တလေးလမ်းဟောင်းပေါ်ရှိ New Day စက်သုံးဆီအရောင်းဆိုင်ဖြစ်ကြောင်း သိရသည်။

နေပြည်တော်နယ်မြေ တပ်ကုန်း၊ လယ်ဝေးနှင့် ပျဉ်းမနားဒေသများသို့ ရေဘေးကယ်ဆယ်ရေးဆောင်ရွက်ရန် အနယ်နယ်အရပ်ရပ်မှ ရောက်ရှိလာမည့် ပရဟိတအသင်းများမှ ကယ်ဆယ်ရေး လူနာတင်ယာဉ်များကို ယာဉ်တစ်စီးလျှင် စက်သုံးဆီ ၁၀ ဂါလံနှုန်းဖြင့် ကယ်ဆယ်ရေးလူနာတင်ယာဉ် အစီးရေ ၁၀၀ တိတိအား စက်သုံးဆီများ အခမဲ့ဖြည့်တင်းလှူဒါန်းပေးမည်ဖြစ်‌ကြောင်း၊ စက်သုံးဆီလာရောက်ဖြည့်တင်းသော ရေဘေးကယ်ဆယ်ရေး လူနာတင်ယာဉ်ကို ဓာတ်ပုံရိုက်မှတ်တမ်းတင်ထားမည်ဖြစ်ပြီး New Day Energy Co Ltd ၏ Facebook စာမျက်နှာတွင် ဖော်ပြပေးမည်ဖြစ်‌ကြောင်း အဆိုပါဆီဆိုင်က ထုတ်ပြန်သည်။

ယင်း‌ကြောင့်‌ရေဘေးကယ်ဆယ်ရေး လူနာတင်ယာဉ်များအနေဖြင့် စက်သုံးဆီလိုအပ်ပါက နေပြည်တော်နယ်မြေ၊ ပျဉ်းမနားမြို့ New Day စက်သုံးဆီအရောင်းဆိုင်သို့ စက်သုံးဆီ အခမဲ့လာရောက်ဖြည့်တင်းနိုင်ကြောင်း သိရသည်။


READ NEXT
Cancel OK