■ ■ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်း မြောက်ပိုင်း၊ ချင်းနှင့် ရခိုင် ပြည်နယ် တို့တွင် လေပွေလှိုင်း တည်ရှိနေပြီး ဖြည်းညှင်းစွာ ရွေ့လျားနေ
■ လေပွေလှိုင်းဖြတ်သန်းရာဒေသများ မိုးကြီးခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်းများ ကြုံတွေ့ရနိုင်ဟု မိုးဇလ အသိပေး
စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်း မြောက်ပိုင်း၊ ချင်းနှင့် ရခိုင် ပြည်နယ် တို့တွင် လေပွေလှိုင်း တည်ရှိနေပြီး ဖြေးညှင်းစွာ ရွေ့လျားနေ သည်ဟု မိုးလေဝသ နှင့် ဇလဗေဒသ ညွှန်ကြားမှု ဦးစီးဌာနက စက်တင်ဘာ ၁၂ ရက် ယနေ့ နံနက်ပိုင်းတွင် သတင်းထုတ်ပြန်သည်။
စက်တင်ဘာ ၁၂ ရက် နံနက် ၅ နာရီခွဲ အချိန်တိုင်းထွာချက်များအရ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများနှင့် အနောက်မြောက်ပိုင်းဒေသ များတွင် ဖြစ်ပေါ်ခဲ့သော လေပွေ လှိုင်း သည် အနောက်-အနောက် မြောက်ဘက်သို့ ဖြည်းညှင်းစွာ ရွေ့လျားခဲ့ပြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီးမြောက်ပိုင်း၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဆက်လက်တည်ရှိ နေသည်။
အဆိုပါ လေပွေလှိုင်းသည် အနောက်-အနောက်မြောက်ဘက်သို့ ဖြည်းညှင်းစွာ ဆက်လက်ရွေ့လျားနိုင်ပြီး၊ လာမည့် ၃၆ နာရီအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းရိုးတန်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းကို ရောက်ရှိနိုင် သည်ဟု မိုးဇလက ခန့်မှန်းသည်။
လေပွေလှိုင်း ဖြတ်ကျော်သည့်ဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက် ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့် ဒေသအနီးတွင် နေထိုင်ကြသူများ အနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်းပျံသန်းရေးအနေဖြင့်လည်း ကြိုတင် သတိပြုရန် မိုးဇလက အသိပေးထားသည်။
ထို့ပြင်ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေပါသည်ဟု မိုးဇလက ထုတ်ပြန်ထား သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
