နေပြည်တော်ကောင်စီနယ်မြေတွင် ရေကြီးရေလျှံမှုများကြောင့် ရပ်ကွက်/ကျေးရွာအချို့၌ ပိတ်မိသူများ ရှိနေပြီး အရေးပေါ် ကယ်ဆယ်ရေး အကူအညီများလိုအပ်နေကြောင်း သိရသည်။
ရေကြီးရေလျှံမှုများကြောင့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ကျေးရွာအချို့တွင် နေအိမ်ခေါင်မိုးများပေါ်တွင် တက်နေရသူများ၊ သစ်ပင်များပေါ်သို့ တက်နေရသူများ ရှိနေသလို ရေစီးနှင့်မျောပါသွားသူအချို့လည်း ရှိနေကြောင်း လူမှုကွန်ရက်တွင် အကူအညီ တောင်းခံထားမှုများအရ သိရသည်။
နေပြည်တော်ကောင်စီနယ်မြေအတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသည့် ဆင်သေချောင်းနှင့် ပေါင်းလောင်း မြစ်ရေမြင့်တက်လာမှုကြောင့် ဇေယျာသီရိမြို့နယ်၊ ပုပ္ဗသီရိမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်အတွင်းရှိ လူနေရပ်ကွက်များနှင့် ကျေးရွာများတွင် ရေကြီးရေလျှံခြင်းများဖြစ်ပေါ်လျက်ရှိပြီး ကူညီကယ်ဆယ်ရေးများ လိုအပ်လျက်ရှိကြောင်း သိရသည်။
ရေကြီးရေလျှံမှုကြောင့် ဘောသီရိကားဝန်းအနီးရှိ ဝက်ကုန်းကျေးရွာတွင် ပိတ်မိနေသူများရှိပြီး ရေစီးသန်ခြင်းကြောင့် ထွက်မရဖြစ်နေကြောင်းနှင့် ကူညီကယ်ဆယ်ရေးများ လိုအပ်နေကြောင်း လူမှုကွန်ယက်တွင် အကူအညီတောင်းခံထားသည်။
အလားတူ ပျဉ်းမနားမြို့နယ်၊ သကြားစက်ကျေးရွာတွင် ရေဝင်ရောက်မှုများ ဖြစ်ပွားနေခြင်းကြောင့် ရေလွတ်ရာဖြစ်သော စာသင်ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းများတွင် ရွေ့ပြောင်းနေထိုင်နေရကြောင်းနှင့် ကူညီကယ်ဆယ်ရေးများ လိုအပ်လျက်ရှိကြောင်း သိရသည်။
ထို့အပြင် ပျဉ်းမနားမြို့နယ်အတွင်းရှိ တံတားဦးကျေးရွာ၊ ကျွန်းဦးကျေးရွာ၊ ဆင်သေကျေးရွာ၊ နှမ်းတောကျေးရွာ၊ ကျွန်းဦးကျေးရွာ၊ ရုံးပင်းစောင်းကျေးရွာ၊ တောက်ထိန်ကျေးရွာများတွင်လည်း ရေဝင်ရောက်မှုများကြောင့် ပိတ်မိသူများရှိနေပြီး ကူညီကယ်ဆယ်ရေးများလိုအပ်နေကြောင်း လူမှုကွန်ယက်တွင် အကူအညီတောင်းခံလျက်ရှိသည်။
အလားတူ ဇေယျာသီရိမြို့နယ်အတွင်းရှိ စည်ပင်ကြီးကျေးရွာ၊ သပြေပင်ကျေးရွာများတွင် ရေဝင်ရောက်မှုကြောင့် လူနေအိမ်များ ရေနစ်မြုပ်နေပြီး ကူညီကယ်ဆယ်ရေးများ လိုအပ်နေကြောင်း လူမှုကွန်ရက်တွင် အကူအညီ တောင်းခံထားမှုများအရ သိရသည်။
ထို့အပြင် တပ်ကုန်းမြို့နယ်အတွင်းရှိ ဘုရင့်နောင်ရပ်ကွက်၊ အနော်ရထာရပ်ကွက်နှင့် ကျေးရွာအချို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိသလို ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင်လည်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်ခဲ့သော တိုင်ဖွန်းမုန်တိုင်း ရာဂိ၏ အရှိန် နှင့် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် အနောက်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်၏ အရှိန်ကြောင့် နေပြည်တော်ဝန်းကျင်တွင် စက်တင်ဘာ ၈ ရက်၊ ၉ ရက်၊ ၁၀ ရက်နေ့နှင့် ၁၁ ရက်တို့တွင် နေရာအနှံအပြား မိုးအဆက်မပြတ်ရွာသွန်းခဲ့ပြီး နေပြည်တော်ကောင်စီနယ်မြေအတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသည့် ငလိုက်ချောင်း၊ ဆင်သေချောင်းနှင့် ပေါင်းလောင်းမြစ်တို့တွင် မြစ်ရေများ မြင့်တက်နေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
