ဒေါ်လာပုံစံ FEC ကဲ့သို့သော ငွေကြေးများကို အကောင်ထည်ဖော်မည်ဆိုသော သတင်းများသည် မှန်ကန်မှုမရှိကြောင်း ဗဟိုဘဏ်က ပြောကြားသည်။
လူမှုကွန်ယက်ပေါ်တွင် ဒေါ်လာပုံစံ FEC ကဲ့သို့ ငွေကြေးများ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်အကောင်အထည်ဖော်မည်ဆိုသော သတင်းများ ပျံ့နှံ့နေမှုနှင့်ပတ်သက်၍ “အဆိုပါသတင်းများသည် မှန်ကန်မှုမရှိကြောင်း အသိပေးအပ်ပါသည်” ဟု ဗဟိုဘက်က စက်တင်ဘာ ၉ ရက်တွင် ပြောကြားထားသည်။
ဒေါ်လာပုံစံ FEC ကဲ့သို့ ငွေကြေးများ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီတွင် စတင်အကောင်အထည်ဖော်မည်ဖြစ်ပြီး ၅ ကျပ်တန်၊ ၁၀ ကျပ်တန်၊ ၅၀ ကျပ်တန် စသည်ဖြင့် အမျိုးအစားသုံးမျိုး လျာထားသည်ဆိုသော သတင်းများသည် လူမှုကွန်ယက်စာမျက်နှာများတွင် ပျံ့နှံ့နေကြောင်း သိရသည်။
ပြည်တွင်းသို့ ဝင်ရောက်လာသော ဒေါ်လာငွေကြေးများအား မသမာသူများထံ မရောက်စေရန်နှင့် ပြည်တွင်းနိုင်ငံခြားငွေ ဖူလှုံစေရန်အတွက်ဖြစ်ပြီး ၁ ဒေါ်လာတန်ကြေးသည် အသစ်ထုတ်ဝေမည့် ငွေကြေးနှင့် တန်ဖိုးတူတူပင်ဖြစ်ပြီး ပြည်တွင်းဒေါ်လာသုံးစွဲသူများရောင်းဝယ်သူများအား ထိရောက်စွာအရေးယူနိုင်ဖို့ ရည်ရွယ်ထား၍ ထုတ်ဝေခြင်းဖြစ်ကြောင်းလည်း လူမှုကွန်ယက်စာမျက်နှာများတွင် ပျံ့နှံ့လျက်ရှိကြောင်း သိရသည်။
ပြည်တွင်းသို့ ကုန်း/ရေ/လေကြောင်းလမ်းမှ ဝင်ရောက်လာမည့် နိုင်ငံခြားသား (သို့) ပြည်ပထွက်အလုပ်လုပ်နေသူများအား ဒေါ်လာ ၁၀၀၀ မှစတင်၍ လဲလှယ်နိုင်အောင် ဆောင်ရွက်ပေးမည််ဖြစ်ကြောင်း လူမှုကွန်ယက်စာမျက်နှာများတွင် ပျံ့နှံ့နေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
