လယ်ဝေးမြို့နယ်အတွင်း စစ်တောင်းမြစ်ဘေးရှိ ကျေးရွာအချို့တွင် ရေဝင်ရောက်မှုကြောင့် လူနှင့် တိရစ္ဆာန်များအား ယာယီပြောင်းရွှေ့ပေးလျက်ရှိကြောင်း သိရသည်။
ယနေ့(စက်တင်ဘာ ၁၂ ရက်) နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ်အတွင်း စစ်တောင်းမြစ်ဘေးဝဲယာရှိ ကျေးရွာများဖြစ်သည့် ကွမ်းခြံကျေးရွာ၊ ရုံးပင်ကျေးရွာ၊ ဗွက်ကြီးရိုးကျေးရွာ၊ ရေကာကျေးရွာ၊ ပေါက်မြိုင်ကျေးရွာများသို့ ရေများဝင်ရောက်နေကြောင်း သိရသည်။
အဆိုပါနေရာများသို့ ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ သွားရောက်၍ လူနှင့် တိရစ္ဆာန်များအား နီးစပ်ရာကျေးရွာများရှိ ဆွေမျိုးများ၏နေအိမ်များ၊ အေလာတိဏ္ဏဘုန်းတော်ကြီးကျောင်း၊ အေလာဂိုဏ်းထောက်ကျောင်း၊ အေလာသရက်တောကျောင်း၊ ဇေယျသိမ်ဘုန်းတော်ကြီးကျောင်း၊ ပျံချီဘုန်းတော်ကြီးကျောင်း၊ အောင်းကုန်းဘုန်းတော်ကြီးကျောင်းများသို့ ရွှေ့ပြောင်းပေး၍ လိုအပ်သည်များ ကူညီစီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စစ်တောင်းမြစ်ရေ မြင့်တက်လာမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသည့် လယ်ဝေးမြို့နယ် အရှေ့ဘက်ရှိ ကျေးရွာများတွင် အရေးပေါ် ကူညီကယ်ဆယ်ရေးများ လိုအပ်နေကြောင်း ဒေသခံများက အကူညီတောင်းခံလျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
