Top News

ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း၏ပါတီမှ အမတ်များ၊ ခေါင်းဆောင်များ ဖမ်းဆီးခံရ
24htopnews | September 12, 2024 4:12 PM CST

 

ဝန်ကြီးချုပ်ဟောင်းအီမရန်ခန်း၏ပါတီ မှ လွှတ်တော်အမတ်အချို့နှင့် ခေါင်းဆောင် များကို အစ္စလာမ်မာဘတ်မြို့စီးနင်းမှုများ အတွင်း ပါကစ္စတန်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက် သည်။

ရဲတပ်ဖွဲ့၏ပြောရေးဆိုခွင့်ရှိသူက  စက်တင်ဘာ ၁၀ ရက်တွင် လူလေးဦးသာ ဖမ်းခဲ့သည်ဟုဆိုသော်လည်း၊ အီမရန်ခန်း၏ပါတီ  PTI က ၁၃ ဦးဖမ်းဆီးခံရသည်ဟုပြောသည်။

မြို့တော်အစ္စလာမ်မာဘတ်ရှိ နေရာများစွာ တွင် အဖမ်းခံရခြင်းဖြစ်ပြီး အချို့က ပါလီမန် လွှတ်တော်အပြင်ဘက်တွင် အဖမ်းခံလိုက်ရ သည်။အသက် ၇၁ နှစ်အရွယ်ရှိဝန်ကြီးချုပ် ဟောင်းကို  ထောင်မှလွှတ်ပေးရန် တောင်းဆို ဆန္ဒပြမှုကြီးတစ်ရပ် စက်တင်ဘာ ၈ ရက်က ဖြစ်ပွားခဲ့ပြီးနောက်၊ စီးနင်းဖမ်းဆီးမှုများ ပြု လုပ်လိုက်ခြင်းဖြစ်သည်။ အီမရန်ခန်းကို ဖမ်း ထားသည်မှာ တစ်နှစ်ကျော်ရှိလာပြီဖြစ်သည်။ စက်တင်ဘာ ၉ ရက်နှောင်းပိုင်းတွင် အဖမ်း အဆီးများစလာခဲ့ပြီး  PTI ပါတီဥက္ကဋ္ဌ ဂိုဟာခန်လည်း  အဖမ်းခံရသည့်အထဲပါသည်။

အီမရန်ခန်းသည် စစ်ဗိုလ်ချုပ်ကြီးများနှင့် မပြေ မလည်ဖြစ်ပြီးနောက် ၂၀၂၂ ခုနှစ်တွင် ဝန် ကြီးချုပ်နေရာမှ ဖယ်ရှားခံလိုက်ရသည်။ ပြီး ခဲ့သည့်ဆန္ဒပြမှုအတွင်း လူစုခွဲရန် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများပစ်ခတ်ခဲ့သည့်အတွက်  ဆူပူမှုများလည်း ဖြစ်သွားခဲ့သည်ဟု PTI ပါတီက ပြောသည်။                  Ref: Aljazeera


READ NEXT
Cancel OK