အေစီမီလန်ဂန္ထဝင် ပါအိုလိုမာလ်ဒီနီက စီးရီးအေပြိုင်ပွဲသည် ဥရောပ၏အကောင်းဆုံးထိပ်ဆုံး(၃) လိဂ်တွင် တစ်ခုအပါအဝင်ဖြစ်ပြီး ယခုရာသီ စီးရီးအေချန်ပီယံဆုကို (၅) သင်းအပြိုင်လုရမည်ဟု ခန့်မှန်းပြောကြားခဲ့သည်။
စီးရီးအေပြိုင်ပွဲသည် ၁၉၉၀ ကာလတွင် ကမ္ဘာပေါ်တွင် အကောင်းဆုံးလိဂ်အဖြစ် သတ်မှတ်ခံခဲ့ရသော်လည်း ယခုအခါ ဂျာမန်ဘွန်ဒစ်လီဂါပြိုင်ပွဲအဆင့်ပင် မရှိတော့ကြောင်း ဝေဖန်မှုများ ရှိနေသည်။
သို့သော် မာလ်ဒီနီက စီးရီးအေပြိုင်ပွဲမှာ ဥရောပ၏ အကောင်းဆုံးထိပ်ဆုံး (၃) လိဂ်တွင် တစ်ခုအပါအဝင်ဖြစ်နေဆဲဖြစ်ကြောင်းနှင့် ယခုရာသီတွင် အင်တာမီလန်၏စီးရီးအေချန်ပီယံဆုကို အပြိုင်လုမည့်အသင်း (၄) သင်းထိ ရှိနေကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
မာလ်ဒီနီက "စီးရီးအေပြိုင်ပွဲမှာ အဆင့်သတ် မှတ်ချက်မှာနိမ့်နေပေမဲ့ နည်းစနစ်ပိုင်း၊ နည်းဗျူဟာပိုင်းအားကောင်းတဲ့ ပြိုင်ပွဲဖြစ်ပြီး ဥရောပရဲ့ထိပ်ဆုံး (၃) လိဂ်ထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဒီရာသီ စီးရီးအေပြိုင်ပွဲမှာ လက်ရှိချန်ပီယံ အင်တာမီလန်အ သင်းက အင်အားအတောင့်ဆုံးပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့ရာသီက ဒုတိယရခဲ့တဲ့ အေစီမီလန်၊ အင်အားဖြည့်တင်းမှုတွေလုပ်ထားတဲ့ ဂျူဗင်တပ်စ်၊ နာပိုလီနဲ့ရိုးမားတို့ကလည်း စီးရီးအေချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့ အသင်းတွေဖြစ်ပါတယ်"ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
