အာဆင်နယ်အသင်းခေါင်းဆောင် အော်ဒီဂွါသည် နော်ဝေလက်ရွေးစင်အသင်းအတွက်ကစားရင်း ရရှိခဲ့သည့် ခြေချင်းဝတ်ဒဏ်ရာကြောင့် အနည်းဆုံး (၃) ပတ်နားရမည်ဖြစ်ပြီး အာဆင်နယ်အသင်း၏အရေးကြီးပွဲစဉ်များကို လွဲချော်တော့မည်ဖြစ်ကြောင်း သိရသည်။
အသက် (၂၅)နှစ်အရွယ်ရှိ အော်ဒီဂွါသည် စက်တင်ဘာလ (၈) ရက်(တနင်္လာနေ့)က ကစားခဲ့သည့် Nations League ပွဲစဉ် နော်ဝေ (၂-၁) သြစတြီးယားပွဲ$ ပွဲချိန် (၆၇) မိနစ်တွင် သြစတြီးယားတိုက်စစ်ကစားသမား ဘောင်ဂါနာ နှင့်ထိခိုက်မိကာ ခြေချင်းဝတ်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။
အော်ဒီဂွါသည် အဆိုပါဒဏ်ရာကြောင့် ကွင်းအတွင်းမှ ငိုယိုထွက်ခွာသွားခဲ့ပြီး လန်ဒန်သို့ ကိုယ်ပိုင်လေယာဉ်ဖြင့် ပြန်လာရာတွင်လည်း ချိုင်းထောက်ကို အသုံးပြုခဲ့ရသည်။ ယခုအခါ နော်ဝေအသင်းဆရာဝန် အိုလာဆန့်ဒ်က ခြေချင်းဝတ်ဒဏ်ရာကြောင့် အော်ဒီဂွါ အနားယူရမည့်ကာလကို ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။
အိုလာဆန့််ဒ်က "အော်ဒီဂွါ ရရှိခဲ့့တဲ့ ခြေချင်းဝတ်ဒဏ်ရာမျိုးက အနည်းဆုံး (၃) ပတ် အနားရလေ့ရှိပါတယ်။ အဲဒီ ကာလထက်ပိုပြီး အလျင်အမြန်သက်သာလာမယ်ဆိုရင်တော့ အပိုဆုပါပဲ။ ဒီလိုမှ မဟုတ်ရင်တော့ (၃) ပတ်ထက်ပို ပြီး အနားယူရတာမျိုးလည်း ရှိနိုင်ပါတယ်။ ခြေချင်းဝတ်ဒဏ်ရာက ရရချင်းမှာ အရမ်းကို နာကျင်ရပါတယ်။ အော်ဒီဂွါက ဒဏ်ရာနာကျင်လွန်းတာကြောင့် စိုးရိမ်ခဲ့တာပါ။ MRI စစ်ဆေးမှုအရတော့ ခြေချင်းဝတ်ရိုး အက်သွားတာမျိုး မတွေ့ရပါဘူး။ တကယ်လို့ ခြေချင်းဝတ်ရိုးအက်သွားမယ်ဆိုရင် (၆) ပတ်အထိ အနားယူရမှာပါ"ဟု ပြောကြားခဲ့သည်။
အော်ဒီဂွါသည် ခြေချင်းဝတ်ဒဏ်ရာကြောင့် အောက်တိုဘာလအစပိုင်းမှသာ ပြန်ကစားနိုင်ဖွယ်ရှိပြီး စပါး၊ မန်စီးတီး အပါအဝင် အာဆင်နယ်၏ပွဲစဉ်(၆)ပွဲခန့်ကို လွဲချော်မည်ဖြစ်သည်။ တနင်္ဂနွေနေ့တွင် လန်ဒန်ဒါဘီပြိုင်ဘက် စပါးနှင့်ကစားမည့် အာဆင်နယ်အသင်းတွင် အော်ဒီဂွါ၊ တင်ဘာစ်၊ ကာလာဖီအိုရီတို့ ဒဏ်ရာကြောင့် ပါဝင်နိုင်မည်မဟုတ်သလို ဒက်ကလန်ရိုက်စ်မှာလည်း ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်မည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
