မင်္ဂလာဒုံ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးအောင်လှိုင်ဝင်းအား တိုင်ကြားစာတစ်ခုနှင့်ပတ်သက်ပြီး အပြစ်ရှိသည်ဟုဆိုကာ ပါတီတာဝန်များ ရပ်နားလိုက်ကြောင်း သိရသည်။
“ဦးအောင်လှိုင်ဝင်းကို ပါတီတာဝန်က ရပ်စဲတယ်ဆိုတာ ဟုတ်ပါတယ်။ ပါတီလွှတ်တော်ကိုယ်စားလှယ် တိုင်ကြားစာဌာနကို တိုင်ကြားစာတစ်ခုမှာ အပြစ်ရှိကြောင်း တွေ့ရှိလို့ပါ။ အမှုဖြစ်စဉ်ကိုတော့ မပြောလိုပါဘူး” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ဇန်နဝါရီ ၁၉ ရက်တွင် ပြောကြားသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး မင်္ဂလာဒုံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းအား ဖုန်းဖြင့်ဆက်သွယ်သော်ခဲ့လည်း ဆက်သွယ်၍မရခဲ့ပေ။
ဦးအောင်လှိုင်ဝင်းအား ပါတီတာဝန်များမှ ရပ်စဲလိုက်သော်လည်း ပါတီဝင်အဖြစ် ဆက်လည်ရှိနေမည်ဖြစ်ကြောင်း သိရသည်။
ဦးအောင်လှိုင်ဝင်းသည် မင်္ဂလာဒုံမြို့ နယ်အတွင်းရှိ လယ်ယာမြေပြဿနာများနှင့် ပတ်သက်ပြီး လယ်သမားများဘက်မှ ရပ်တည်ကာ ဦးဆောင်လှုပ်ရှားပေးခဲ့ပြီး ထင်ရှားသည့်ကိစ္စတစ်ခုသည် မင်္ဂလာဒုံမြို့နယ်၊ စမ်းကြီးဝ လယ်မြေများနှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းအစိုးရမှ မူလလယ်ပိုင်ရှင်များကို ပြန်လည်ပေးအပ်ခြင်းမပြုဘဲ လျော်ကြေးပေးမည့်ကိစ္စနှင့်ပတ်သက်ပြီး တိုင်းဒေသကြီးအစိုးရ ကို ကန့်ကွက်မှုများ ပြုလုပ်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းသည် ပြည်သူ့လွှတ်တော် စီးပွားရေးနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဝင်တစ်ဦးဖြစ်သော်လည်း လွှတ်တော်သက်တမ်း ၁၀ လခန့်အကြာ ၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် လွှတ်တော် ကော်မတီဝင်အဖြစ်မှ ဖယ်ရှားခြင်းခံရသည်။
အဆိုပါဖယ်ရှားခံရမှုနှင့် ပတ်သက်ပြီး ထိုစဉ်အချိန်က အစိုးရ၏ချေးငွေများနှင့် ပတ်သက်၍ လွှတ်တော်တွင် ထောက်ပြဝေ ဖန်ခဲ့မှုအပေါ် ပါတီဗဟို အလုပ်အမှုဆောင် အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင်ဦးဝင်းထိန်က ခေါ်ယူသတိပေးပြီးနောက် လွှတ်တော်ကော်မတီမှ ထုတ်ပယ်ခံရကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက မီဒီယာများကို ပြောကြားထားသည်။
အလားတူ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် မဲဆန္ဒနယ်တစ်ခုထဲမှ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါ်သက်သက်ခိုင်နှင့် မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ် တော်ကိုယ်စားလှယ် ဦးကျော်ဇေယျတို့သည်လည်း ၂၀၁၈ ခုနှစ် စက်တင်ဘာလဆန်းက NLD ပါတီ တာဝန်များ ရပ်ဆိုင်းခံခဲ့ရသည်။
အဆိုပါလွှတ်တော်ကိုယ်စားလှယ်နှစ်ဦးသည် ပါတီတာဝန်ရပ်ဆိုင်းခံရကြောင်း အကြောင်းကြားစာ ရရှိခဲ့သော်လည်း မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို မသိရှိရကြောင်း ထိုစဉ်အချိန်က ပြောကြားခဲ့သည်။
ဒေါ်သက်သက်ခိုင်နှင့် ဦးကျော်ဇေယျအား ပါတီတာဝန်များမှ ရပ်စဲရခြင်းသည် ပါတီစည်းကမ်းကို ငြိစွန်းသည့်အတွက် ရပ် စဲခြင်းဖြစ်ကြောင်း၊ ပါတီအတွင်းစည်းတွင် မတူညီသည့် အယူအဆများကို ကန့်ကွက် ဆွေးနွေးငြင်းခုံ၍ရကြောင်း၊ သို့သော် မူဝါဒဖြစ်ပြီး ညွှန်ကြားချက်ဖြစ်သွားပါက မဖြစ်မနေ လိုက်နာရကြောင်း၊ မိမိမှန်ကန်သည် ထင်သည့်အကြောင်းအရာများကို လွတ်လွတ်လပ်လပ်ပြောနေမည်ဆိုပါက ပါတီစည်းလုံးမှုကို ထိခိုက်လာနိုင်ကြောင်း၊ လမ်းညွှန်ချက်၊ စည်းကမ်းချက်များကို တိတိကျကျလိုက်နာစေချင်သည့်အတွက် ပါတီစည်းကမ်းအရ အရေးယူခြင်းဖြစ်ကြောင်း ဒေါက်တာမျိုးညွန့်က မီဒီယာများအား ထိုစဉ်အချိန်က ပြောကြားထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
