သင်္ဃန်းကျွန်းမြို့နယ်တွင် ရည်းစားဟောင်းကို ယာဉ်ဖြင့်ဝင်တိုက်ပြီး ဓားရှည်ဖြင့် ခုတ်ခဲ့သည်ဟုဆိုသည့်အမျိုးသားအား ဖမ်းဆီးအမှုဖွင့်ထားကြောင်း ဇန်နဝါရီ ၁၉ ရက်တွင် အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။
ဒဂုံတောင်မြို့နယ်နေ မ ....(၂၃နှစ်) သည် သင်္ဃန်းကျွန်းမြို့နယ် မိချောင်းကန် အပိုင်း (၃)ရပ်ကွက် ရတနာလမ်းရှိ အထူးကုဆေးခန်း၌ လွန်ခဲ့သည့် ခြောက်လခန့်မှစ၍ ရုံးတာဝန်ခံအဖြစ် လုပ်ကိုင်ခဲ့ကြောင်း၊ ဇန်နဝါရီ ၁၈ ရက် ညနေ ၅ နာရီခွဲခန့်တွင် ဆေးခန်းတွင် အလုပ်အတူလုပ်နေသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့နှင့်အတူ ဘတ်စ်ကားမှတ်တိုင်သို့ လမ်းအတူ လျှောက်ပြန်ခဲ့ကြောင်း သိရသည်။
ယင်းသို့ လမ်းလျှောက်လာစဉ် မ...(၂၃နှစ်) နှင့် လွန်ခဲ့သည့် လေးလခန့်က ချစ် ကြိုက်ခဲ့ဖူးပြီး လမ်းခွဲခဲ့သည့် လှိုင်မြို့နယ်နေ ကို...(၂၅နှစ်) မှာ ၎င်းမောင်းနှင်လာသည့် Mazada Demio ယာဉ်ဖြင့် မ...အား နောက် မှ ဝင်တိုက်ခဲ့ကြောင်း၊ တရားလို၏အမှုဖွင့် တိုင်တန်းချက်အရ သိရသည်။
ထို့နောက် ကို...(၂၅ နှစ်) မှာ အရှည် နှစ်ပေခန့်ရှိ လက်ကိုင်သတ္တုရိုးတပ် ငှက်ကြီး တောင်ဓားအား ကိုင်ဆောင်လာပြီး မ...အား လိုက်ခုတ်ခဲ့ကြောင်း၊ ယင်းသို့ ခုတ်သ ဖြင့် မ... (၂၃ နှစ်) နှင့်အတူ ပါလာသည့် အမျိုးသမီးက လိုက်ကာသဖြင့် ကို... (၂၅နှစ်) မှာ မခုတ်တော့ဘဲ ယာဉ်ပေါ်သို့တက်သွားခဲ့ကြောင်း သိရသည်။
“ယာဉ်နဲ့ အနောက်က ဝင်တိုက်လိုက်တော့ ကောင်မလေးက စုတ်ပြဲပွန်းခြစ်ဒဏ်ရာရရှိခဲ့တယ်။ ဓားနဲ့ခုတ်တဲ့အချိန်မှာလည်း ကောင်မလေးက ရှောင်လိုက်လို့ ယာလက်မောင်းမှာ ပြတ်ရှဒဏ်ရာတစ်ချက် ရရှိခဲ့ပါတယ်။ အခုတော့ ကောင်လေးကို ဖမ်းဆီး အမှုဖွင့်ထားပါတယ်” ဟု အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
အဆိုပါဖြစ်စဉ်မှ ကို.... အား သင်္ဃန်းကျွန်းမြို့မရဲစခန်းက (ပ)၅၆/ ၂၀၁၉၊ ရာဇ သတ်ကြီးပုဒ်မ ၃၀၇ ဖြင့် အမှုဖွင့်ဖမ်းဆီးထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
