ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်အတွင်းရှိ ကမ္ဘာကျော် Adidas ဖိနပ်များ ချုပ်လုပ်သော ရှန်ဂျော်ယွဲ့စက်ရုံတွင် အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံနေရခြင်းအား Customer များ သိစေရန် နိုင်ငံ တကာနှင့်ပူးပေါင်း၍ကမ်ပိန်းပြုလုပ်မည် ဖြစ်ကြောင်း ယင်းစက်ရုံရှိ အလုပ်သမားများ၏ ပြောကြားချက်များအရ သိရသည်။
ထိုသို့ ကမ်ပိန်းပြုလုပ်ရာတွင် Adidas ဖိနပ်ချုပ်လုပ်သော အလုပ်သမားများက ၎င်းတို့ အလုပ်သမား အခွင့်အရေးချိုးဖောက်ခံနေရခြင်းကို သိရှိစေရန် Industry All Global Union နှင့် ချိတ်ဆက်မည်ဖြစ်ကြောင်း သိရသည်။ Industry All Global Union သည် ကမ္ဘာ့နိုင်ငံပေါင်း ၁၄၀ ကျော်က သတ္တုတွင်းလုပ်ငန်း၊ စွမ်းအင်နှင့် ကုန်ထုတ်လုပ်ရေးလုပ်ငန်းများရှိ အလုပ်သမားသန်း ၅၀ ကျော်ကို ကိုယ်စားပြုသော အဖွဲ့အစည်းဖြစ်ကြောင်း သိရသည်။
“ကျွန်မတို့ ဒီအတိုင်းတော့ ရပ်မသွားဘူး။ Customer တွေကို ဒီ Adidas ဖိနပ်က ကမ္ဘာကျော် Brand ဖြစ်ပြီး ကျွန်မတို့ နိုင်ငံရဲ့ တည်ဆဲဥပဒေတွေကို လေးစားလိုက်နာမှု မရှိဘူး။ ဘာလို့လဲဆိုတော့ အလုပ်ထုတ်ခံထားရလို့ ခုံသမာဓိမှာ ရှင်းနေတဲ့ အမှုတစ်ခု ရှိတယ်။ ၂၀၁၁ ခုနှစ် အလုပ်သမားဥပဒေမှာက အဲဒီလိုအမှုရှင်းနေရင်းဆိုရင် အလုပ်ပိတ်သိမ်းလို့မရဘူး။ ပြီးတော့ ကျွန်မတို့ ဘဏ္ဍာရေးမှူးကို အလုပ်ထုတ်လိုက်တယ်။ ခုံသမာဓိကရော၊ ခုံသမာဓိကောင်စီကရော အလုပ်ပြန်ခန့်စေလို့ ဆုံးဖြတ်ချက်ချတယ်။ အဲဒါကို သူတို့ ပြန်မခန့်တဲ့အတွက် တရားစွဲခံထားရတဲ့ အမှုရှိတယ်။ ဒါကိုကြည့်ခြင်းအား ဖြင့် ကျွန်မတို့နိုင်ငံရဲ့ တည်ဆဲဥပဒေတွေကို လေးစားလိုက်နာမှုမရှိဘူး။ ကျွန်မတို့အလုပ်သမားအခွင့်အရေးတွေ ချိုးဖောက်ခံနေရတယ်။ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိဘူး။ ဥပဒေကို လေးစားလိုက်နာမှုမရှိဘူးဆိုတာကို နိုင်ငံတကာနဲ့ချိတ်ဆက်ပြီး Customer တွေ သိအောင် ကမ်ပိန်းလုပ်သွားဖို့ ရှိပါတယ်” ဟု ရှန်ဂျော်ယွဲ့စက်ရုံ အခြေခံအလုပ်သမားအဖွဲ့ ခေါင်းဆောင် မတင်စုခိုင်က ပြောကြားသည်။
Adidas ဖိနပ်များ ထုတ်လုပ်သော ရှန် ဂျော်ယွဲ့စက်ရုံသည် အော်ဒါများမရှိဟုဆိုသည့် အကြောင်းပြချက်ဖြင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာအတွင်း အလုပ် ၁၀ ရက် ယာယီပိတ် ခဲ့သည်။ ယင်းနောက် အလုပ်ပြန်ဖွင့်ရာတွင် စက်ရုံအပြီးပိတ်သိမ်းမည်ဟုဆိုကာ အလုပ် သမားများကို လျော်ကြေးများပေး၍ အလုပ်မှ ထုတ်ပယ်လိုက်သည်။
ထိုသို့ စက်ရုံပိတ်သိမ်းခြင်းအား ဥပဒေ မဲ့ပိတ်သိမ်းသည်ဟုဆိုကာ အလုပ်သမား ၇၀၀ ကျော်သည် ဇန်နဝါရီ ၁၈ ရက် နံနက်ပိုင်းတွင် လှိုင်သာယာမြို့နယ်အတွင်း လမ်းလျှောက်ချီတက်ကာ လှည့်လည်ဆန္ဒပြကြသည်။
ထိုသို့ ဆန္ဒပြရာတွင် ရှန်ဂျော်ယွဲ့စက်ရုံ အလုပ်သမားများအပါအဝင် မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှုအလုပ်သမား အဖွဲ့ချုပ် (IWFM) လက်အောက်ရှိ အဖွဲ့ အစည်း ၄၀ ကျော်က အလုပ်သမားများနှင့် အခြားစက်ရုံများက အလုပ်သမားများ စုစုပေါင်း အလုပ်သမား ၇၀၀ ကျော် စုပေါင်း ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
