ပြည်ပနိုင်ငံများတွင် သုံးစွဲရန် တားမြစ်ထားသည့် P5 7 Hoodia တံဆိပ် အဆီကျဆေးများကို ပြည်တွင်းရှိ Online Shopping များတွင် တွင်ကျယ်စွာ ရောင်းချနေခြင်းကြောင့် သုံးစွဲခြင်းမပြုရန် မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက အသိပေး ကြေညာထားသည်။
P5 7 Hoodia တံဆိပ် အဆီကျဆေးတွင် Sibutramine ပါဝင်နေသည့်အတွက် USFDA ၂၀၁၀ ခုနှစ် ကတည်းက စျေးကွက်မှ ပြန်လည်ရုပ်သိမ်းထားပြီး Health Canada မှလည်း ၂၀၁၂ ခုနှစ် ဇန်နဝါရီလကတည်းက စျေးကွက်မှ ပြန်လည်ရုပ်သိမ်းထားကြောင်းနှင့် ၎င်းဆေးဘူးခွံတွင်လည်း ထုတ်လုပ်သူအမည်ကို Hulking Pharmaceutical ဟုသာ ဖော်ပြထားပြီး ထုတ်လုပ်သည့် နိုင်ငံကိုမူ ဖော်ပြထားခြင်း မရှိကြောင်း သိရသည်။
ထို့ပြင် ဆေးဘူးအတွင်းရှိ ဆေးညွှန်းစာရွက်တွင် ဖော်ပြထားသော သောက်သုံးရန် မသင့်သူများမှာ နှလုံးနှင့် ပတ်သက်သော ရောဂါရှိသူများ၊ သွေးတိုးရောဂါရှိသူများ၊ စိတ်ရောဂါရှိသူများ၊ ဆေးစွဲသူ (သို့မဟုတ်) အရက်စွဲသူများ၊ အသည်းနှင့် ကျောက်ကပ် မကောင်းသူများ၊ ဟိုက်ပါသိုင်းရွိုက်ရောဂါရှိသူများ၊ ဆီးကျိတ်ရောဂါ ရှိသူများ၊ ရေတိမ်ရောဂါရှိသူများ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့် နို့တိုက်မိခင်များ၊ အသက် ၁၈ နှစ် အောက်နှင့် အသက် ၆၀ ကျော်များဟူ၍ ပါရှိကြောင်း၊ အဆိုးဆုံးမှာ နှလုံးနှင့် ပတ်သက်သော ရောဂါများဖြစ်သည့် Hearth Attack နှင့် Stroke ကြောင့် အသက်သေဆုံးသည်အထိ ဖြစ်နိုင်ကြောင်းနှင့် မြန်မာနိုင်ငံတွင်လည်း Sibutramine ဆေးဝါးများ၏ မှတ်ပုံတင်ခြင်း၊ တင်သွင်းခြင်းများအတွက် ငြင်းပယ်ထားသဖြင့် သုံးစွဲခြင်းမပြုရန် မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက ထုတ်ပြန်ကြေညာထားသည်။
ထို့ပြင် ဇန်နဝါရီလ ဒုတိယပတ်အတွင်းက စင်ကာပူနိုင်ငံ ကျန်းမာရေး အာဏာပိုင်အဖွဲ့က စျေးကွက်မှ ပြန်လည် ရုပ်သိမ်းထားသည့် ဆေးဝါးသုံးမျိုးကို သတိပြုရှောင်ကြဉ်ရန် မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်းနှင့် မြန်မာနိုင်ငံ FDA က ဆေးဝါးများ ဝယ်ယူရာတွင် လမ်းဘေးစျေးသည်များ၊ အွန်လိုင်းများမှ ဝယ်ယူခြင်းကို အထူးသတိပြု ရှောင်ကြဉ်ရန်၊ ယင်းဆေးဝါးများသည် မည်သည့်နေရာမှ ထုတ်လုပ်သည်၊ မည်သို့သော နည်းလမ်းများနှင့် ထုတ်လုပ်ထားသည်၊ မည်သည့်ပစ္စည်းများ ပါဝင်နေသည်ကို အသေအချာ သိနိုင်မည် မဟုတ်ဘဲ ဆေးဝါးအတုများ၊ ရောနှောဆေးဝါးများ သို့မဟုတ် စျေးကွက်ထဲမှ ရုပ်သိမ်းထားသော ဆေးဝါးများ ဖြစ်နေပါက ဝယ်ယူသုံးစွဲသော သူများ၏ ကျန်းမာရေးကို ဆိုးရွားစွာ အန္တရာယ် ဖြစ်စေနိုင်သောကြောင့် လမ်းဘေးစျေးသည်များ၊ အွန်လိုင်းများမှ ဆေးဝါးဝယ်ယူခြင်းကို အထူးသတိပြု ရှောင်ကြဉ်ရန် အသိပေး ကြေညာထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
