တစ်နိုင်ငံလုံး၌ ပုဂ္ဂလိကဆေးရုံ အပါအဝင် ဓာတ်ခွဲခန်း၊ အထူးကုဆေးခန်း၊ ရောဂါရှာဖွေရေးဓာတ်မှန်ခန်း၊ သားဖွားခန်း၊ အထွေထွေရောဂါကုဆေးခန်းပေါင်း ၆၈၀၀ ကျော် ရှိပြီး ပုဂ္ဂလိကလုပ်ငန်း လိုင်စင်မရှိဘဲ ဆောင် ရွက်နေသော ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများကို ပိတ်သိမ်းလျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။
၂၀၁၈ ခုနှစ် ဒီဇင်ဘာအထိ တစ်နိုင်ငံလုံး၌ ပုဂ္ဂလိကဆေးရုံ ၂၃၉ ရုံ၊ အထူးကုဆေးခန်း ၇၂၀၊ ရောဂါရှာဖွေရေးဓာတ်ခွဲခန်း ၂၁၇ ခန်း၊ ရောဂါရှာဖွေရေးဓာတ်မှန် ၁၃၇ ခန်း၊ သားဖွားခန်း ၄၇ ခုနှင့် အထွေထွေရောဂါကု ဆေးခန်း ၅၄၆၂ ခု စသည့် ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းများကို ဝန်ကြီးဌာနအနေဖြင့် လိုင်စင်ခွင့်ပြု ချထား လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
“လက်ရှိ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ပုဂ္ဂလိကအထူးကုဆေးရုံ ၁၂ ရုံ၊ အ ထွေထွေရောဂါကုဆေးရုံ ၄၂ ရုံ၊ အထူးကု ဆေးခန်း ၂၈၀၊ အထွေထွေရောဂါကုဆေးခန်း ၂၆၆၆ ခန်း ရှိပါတယ်။ အလှအပဆေးခန်းတွေက အထူးကုဆေးခန်းတွေအနေနဲ့ မှတ်ပုံတင်ထားတယ်ဆိုရင်တော့ ကုသခွင့်ရှိပါတယ်။ အဲဒီလိုမှမဟုတ်ဘဲနဲ့ သာမန်အထွေထွေ ရောဂါကု ဆေးခန်းအဖြစ် မှတ်ပုံတင်ထားရင် လုပ်ခွင့်မရှိပါဘူး။ အဲဒီအတွက်ကိုလည်း ဥပဒေရေးဆွဲနေတာ ရှိပါတယ်။ ဥပဒေ ရေးဆွဲပြီးတဲ့အခါကျမှ အချက်အလက်တွေကို တိတိကျကျပြောနိုင်ပါမယ်” ဟု ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီဝင်၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာ ရေး ဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်က ပြောကြားသည်။
၂၀၁၈ ခုနှစ် ဇူလိုင်လအတွင်းက ဒေါပုံမြို့နယ်ရှိ Friendly Clinic ဆေးကုခန်းတွင် နိုင်ငံခြားသား တရားမဝင်ဆေးကုသသူ၊ ခွဲစိတ်ခန်းနှင့် တရားမဝင်ဆေးဝါးများဖြင့် ဆေးကုသနေသည့်အတွက် ဥပဒေအရ တရား စွဲဆိုအရေးယူခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ် မေလ အတွင်းကလည်း ရန်ကုန်မြို့လယ်ရှိ ပုဂ္ဂလိက ဆေးကုခန်းခြောက်ခုကို ရှောင်တခင်စစ်ဆေးခဲ့ပြီး ယင်းတို့အနက် နိုင်ငံခြားသား တရားမဝင် ဆေးကုသသူ၊ တရားမဝင်ဆေးဝါးနှင့် ခွဲစိတ် ခန်းများပါဝင်သည့်ဆေးခန်းများကို ဥပဒေအရ တရားစွဲဆိုအရေးယူခဲ့ကြောင်းနှင့် စစ်ဆေးရာတွင် မရမ်းကုန်း၊ လှိုင်၊ ကြည့်မြင်တိုင်၊ လမ်းမတော်နှင့် ဗိုလ်တထောင်မြို့နယ်တို့ရှိ ပုဂ္ဂလိက ဆေးကုခန်းခြောက်ခုကို စစ်ဆေးခဲ့ ရာ ယင်းတို့အနက် လှိုင်မြို့နယ်ရှိ ရောင်နီဦး ဆေးခန်းတွင် တရားမဝင်ဆေးဝါးနှင့် ခွဲစိတ်ခန်းများ တွေ့ရှိခဲ့သည့်အတွက် အမျိုးသား ဆေးဝါးဥပဒေ၊ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့်ဥပဒေများ ဖြင့် အရေးယူထားပြီး The Sun နေဝန်းဆေးခန်းတွင် တရားမဝင်ဆေးဝါးများနှင့် နိုင်ငံခြားသား ဆေးကုနေသူရှိသည့်အတွက် အမျိုးသားဆေးဝါးဥပဒေ၊ မြန်မာနိုင်ငံဆေးကောင် စီဥပဒေများဖြင့် အရေးယူခဲ့ပြီးဖြစ်သည်။
ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီအနေဖြင့် လက်ရှိ အလွန်အကြူး ကြော်ငြာသော ဆေးခန်းများ၊ ကျော်စော သတင်းထွက်သော ဆေးခန်းများနှင့် တရားမဝင် ဆေးကုသသူ ရှိသည်ဟု ယူဆသောဆေး ခန်းများကို ရှောင်တခင် ဝင်ရောက်စစ်ဆေးလျက်ရှိကြောင်းနှင့် ပုဂ္ဂလိကဆေးကုခန်းအချို့တွင် နိုင်ငံခြားသား တရားမဝင် ဆေးကုသသူများ ဆေးကုသနေသည်ဟု သံသယရှိပါက ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်း ကြီးကြပ်မှု ကော်မတီသို့ တိုင်ကြားနိုင်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
