၆၆ ကေဗွီ ရသေ့တောင်-ဘူးသီးတောင်- မောင်တောဓာတ်အားလိုင်း ၄၂ ဒသမ ၃ မိုင် ၆၆/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ မောင်တောမြို့သို့ လျှပ်စစ်ဓာတ်အား စတင်ဖြန့်ဖြူးခြင်းနှင့် ဓာတ်အားခွဲရုံဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၉ ရက်က မောင်တောဓာတ်အားခွဲရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
၆၆ ကေဗွီ ဘူးသီးတောင်-မောင်တော ဓာတ်အားလိုင်း ၉ ဒသမ ၁ မိုင်နှင့် ၆၆/၁၁ ကေဗွီ ၅ အမ်ဗွီအေ မောင်တောဓာတ်အားခွဲရုံ တည်ဆောက်ခြင်း လုပ်ငန်းများ ပြီးစီး၍ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်တွင် မောင်တောမြို့ပေါ်သို့ ဓာတ်အားစတင်ဖြန့်ဖြူး ပေးနိုင်ခဲ့ပြီး မောင်တောမြို့နယ် အတွင်းရှိ ကျေးရွာများကိုလည်း လျှပ်စစ်ဓာတ်အား စတင်ဖြန့်ဖြူးပေးနိုင်ရေး ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ထို့ပြင် မောင်တောမြောက်ပိုင်းအား ဓာတ်အားဖြန့်ဖြူးနိုင်ရေးအတွက် ကြိမ်ချောင်း ဓာတ်အားခွဲရုံအား စတင်တည်ဆောက်နေပြီဖြစ်ပြီး ဓာတ်အားခွဲရုံပြီးစီးလျှင် ကြိမ်ချောင်းကျေးရွာ အပါအဝင် ကျေးရွာ ၁၆ ရွာ လျှပ်စစ်မီးရရှိမည်ဟု သိရသည်။
“မောင်တောမြို့နဲ့ ပတ်ဝန်းကျင် ၁၅ ရွာကို လျှပ်စစ်ဖြန့်ဖြူးပေးနေပါတယ်။ မောင်တောမြောက်ပိုင်း ကြိမ်ချောင်းဓာတ်အားခွဲရုံတစ်ခု စတင်တည်ဆောက်နေပါပြီ။ အဲဒါပြီးသွားရင် ကြိမ်ချောင်းအပါအဝင် ၁၆ ရွာ မီးရပါမယ်။ အခု မဟာဓာတ်အားလိုင်း ရပြီဆိုတော့ လူမှုရေး၊ စီးပွားရေး တိုးတက်လာမှာ ဖြစ်ပါတယ်။ ဒီကနေ့ မောင်တောဓာတ်အားခွဲရုံ ဖွင့်ပွဲကို ပြည်ထောင်စုဝန်ကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တို့ တက်ရောက်ဖွင့်လှစ်ပေး ခဲ့ပါတယ်” ဟု မောင်တောခရိုင် လျှပ်စစ်အင်ဂျင်နီယာ ဦးဟိန်းမိုးထက်က ဆိုသည်။
၆၆/၁၁ ကေဗွီ ၅ အမ်ဗွီအေ မောင်တောဓာတ်အားခွဲရုံ ကမ္ပည်းကျောက်စာအား လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်နှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုတို့က စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် ရခိုင်ပြည်နယ် ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောဒေသသို့ လျှပ်စစ်ဓာတ်အားကို နိုင်ငံတော် ဓာတ်အားစနစ်မှ ရရှိသုံးစွဲနိုင်ရေး ၆၆ ကေဗွီ ပုဏ္ဏားကျွန်း-ရသေ့တောင်-ဘူးသီးတောင်-မောင်တော ဓာတ်အားလိုင်း ၆၄ ဒသမ ၃၁ မိုင်နှင့် ၆၆ ကေဗွီ ဓာတ်အားခွဲရုံများ တည်ဆောက်ရေး စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ လက်ရှိတွင် ပုဏ္ဏားကျွန်း-မောင်တော ဓာတ်အားလိုင်းများ တည်ဆောက် ပြီးစီးသည့်အတွက် ပုဏ္ဏားကျွန်းမြို့မှ မောင်တောမြို့အထိ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ပြီဖြစ်ကြောင်း သိရသည်။
အလားတူ ၆၆ ကေဗွီ ပုဏ္ဏားကျွန်း-ရသေ့ တောင် ဓာတ်အားလိုင်း ၂၂ ဒသမ ၂၁ မိုင်၊ ပုဏ္ဏားကျွန်းဓာတ်အားခွဲရုံ တိုးချဲ့တည်ဆောက်ခြင်းနှင့် ၆၆/၁၁ ကေဗွီ ရသေ့တောင် ဓာတ်အားခွဲရုံ တည်ဆောက်ခြင်း လုပ်ငန်းများပြီးစီး၍ ၂၀၁၈ ခုနှစ် မတ် ၁၅ ရက်မှစတင်၍ ရသေ့တောင် ဓာတ်အားခွဲရုံမှ ရသေ့တောင် မြို့ပေါ်ရှိ အိမ်ထောင်စုပေါင်း ၁၅၃၀ ကို လည်းကောင်း၊ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၃၀ ရက်တွင် ရသေ့တောင်-ဘူးသီးတောင် ဓာတ်အားလိုင်း ၃၃ မိုင်နှင့် ၆၆/၁၁ ကေဗွီ ၅ အမ်ဗွီအေ ဘူးသီးတောင် ဓာတ်အားခွဲရုံ တည်ဆောက်ခြင်း လုပ်ငန်းများ ပြီးစီး၍ ဘူးသီးတောင်မြို့ပေါ်ရှိ အိမ်ထောင်စုပေါင်း ၃၃၇၄ စုကိုလည်းကောင်း နိုင်ငံတော် ဓာတ်အားစနစ်မှ ၂၄ နာရီ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
အဆိုပါ ၆၆ ကေဗွီ ပုဏ္ဏားကျွန်း-ရသေ့ တောင်-ဘူးသီးတောင်-မောင်တော ဓာတ် အားလိုင်း ၆၄ ဒသမ ၃၁ မိုင်နှင့် ၆၆ ကေဗွီ ဓာတ်အားခွဲရုံများ တည်ဆောက်ရေး စီမံကိန်းကို စီမံကိန်း လက်ကျန်ပစ္စည်းများဖြင့် ဆောင်ရွက်ခဲ့ပြီး ကုန်ကျစရိတ်မှာ ငွေကျပ် ဘီလျံ ၂၀ ခန့်ရှိကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
