အာဆီယံနိုင်ငံများသို့ ၂၀၁၈ ခုနှစ် နိုင်ငံခြားသားခရီးသွား ၁၂၉ သန်းကျော်ဝင်ရောက်ခဲ့ပြီး အာဆီယံ ၁၀ နိုင်ငံ၏ နိုင်ငံခြားသား ခရီးသွားဝင်ရောက်မှု ပမာဏနှင့် တိုးတက်မှုနှုန်းတွင် မြန်မာနိုင်ငံက ဒုတိယအနည်းဆုံးကြောင်း အာဆီယံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်မှ ထုတ်ပြန်သောစာရင်းများအရ သိရသည်။
အာဆီယံနိုင်ငံများသို့ နိုင်ငံခြားသား ခရီးသွားဝင်ရောက်မှုအများဆုံးနိုင်ငံများမှာ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနိုင်ငံတို့ဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် ၂၀၁၇ ခုနှစ်ထက် အာဆီယံနိုင်ငံများသို့ နိုင်ငံခြား သားခရီးသွားဝင်ရောက်မှု ၇ ဒသမ ၆ ရာ ခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း အာဆီယံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ထံမှ သိရသည်။
၂၀၁၈ ခုနှစ်အတွင်း အာဆီယံနိုင်ငံများအလိုက် နိုင်ငံခြားသားခရီးသွားဝင်ရောက်မှု ပမာဏမှာ ထိုင်းနိုင်ငံသို့ ၃၈ ဒသမ ၁၅ သန်း၊ မလေးရှားနိုင်ငံသို့ ၂၃ ဒသမ ၄၇ သန်း၊ စင်ကာပူနိုင်ငံသို့ ၁၆ ဒသမ ၉၀ သန်း၊ ဗီယက်နမ်နိုင်ငံသို့ ၁၅ ဒသမ ၄၉ သန်း၊ အင်ဒိုနီးရှားနိုင်ငံသို့ ၁၄ ဒသမ ၃၉ သန်း၊ ဖိလစ်ပိုင်နိုင်ငံသို့ ၆ ဒသမ ၄၃ သန်း၊ ကမ္ဘောဒီးယားနိုင်ငံသို့ ၆ ဒသမ ၂၀ သန်း၊ လာအိုနိုင်ငံသို့ ၄ ဒသမ ၁၈ သန်း၊ မြန်မာနိုင်ငံသို့ ၃ ဒသမ ၅၅ သန်း၊ ဘရူနိုင်းနိုင်ငံသို့ ၀ ဒသမ ၂၀ သန်း တို့ဖြစ်သည်။
၂၀၁၇ ခုနှစ်နှင့် နှိုင်းယှဉ်ပါက အာဆီယံနိုင်ငံများအလိုက် နိုင်ငံခြားခရီးသွားဝင်ရောက်မှု တိုးတက်မှုနှုန်းမှာ ဗီယက်နမ်နိုင်ငံက ၁၉ ဒသမ ၉ ရာခိုင်နှုန်း၊ အင်ဒိုနီးရှားနိုင်ငံက ၁၁ ဒသမ ၆ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယား နိုင်ငံက ၁၁ ရာခိုင်နှုန်း၊ လာအိုနိုင်ငံက ၈ ဒသမ ၂ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံက ၇ ဒသမ ၂ ရာခိုင်နှုန်း၊ စင်ကာပူနိုင်ငံက ၆ ဒသမ ၆ ရာခိုင်နှုန်း၊ ဘရူနိုင်းနိုင်ငံက ၄ ဒသမ ၅ ရာ ခိုင်နှုန်း၊ မြန်မာနိုင်ငံက ၃ ဒသမ ၁ ရာခိုင်နှုန်း ရှိခဲ့ပြီး မလေးရှားနိုင်ငံက ယခင်နှစ်ထက် ၀ ဒသမ ၁ ရာခိုင်နှုန်း နိုင်ငံခြားခရီးသွားလာ ရောက်မှုကျဆင်းခဲ့သည်။
မြန်မာနိုင်ငံသို့ ဗီဇာဖြင့် လာရောက်လည်ပတ်သူနိုင်ငံခြားသား ခရီးသွားများစာရင်းတွင် (၂၀၁၈ ခုနှစ် ဒီဇင်ဘာလအထိ)ထိပ်ဆုံး၌ ရပ်တည်နေသောနိုင်ငံများမှာ တရုတ် ၂၉၇၄၀၀ ဦး၊ ထိုင်း ၂၉၁၂၃၁ ဦး၊ ဂျပန် ၁၀၄၃၇၆ ဦး၊ အမေရိက ၆၅၀၅၇ ဦး၊ကိုရီးယား ၆၃၉၁၁ ဦး၊ စင်ကာပူ ၅၈၆၅၇ ဦး၊ ဗီယက်နမ် ၅၃၃၂၉ ဦး၊ မလေးရှား ၄၇၆၃၂၊ အိန္ဒိယ ၄၃၂၈၁ ဦး၊ ပြင်သစ် ၄၃၂၁၈ ဦး၊ ဗြိတိန် ၃၆၆၀၉ ဦးတို့ဖြစ်ပြီး ယခင်နှစ်ကထက် တရုတ်ခရီးသွား ၃၉ ဒသမ ၈၆ ရာခိုင်နှုန်း၊ ကိုရီးယား ၁၀ ဒသမ ၆၇ ရာခိုင်နှုန်း၊ ထိုင်းခရီးသွား ၆ ဒသမ ၃၃ ရာခိုင်နှုန်းတိုးတက်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုရှိသည့်အနက် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့သည် နိုင်ငံခြားသား ခရီးသွားဝင် ရောက်မှုအများဆုံး ဒေသများဖြစ်သည်။ မြန် နိုင်ငံသို့နှစ်အလိုက် ဝင်ရောက်ခဲ့သည့် နိုင်ငံခြားသားခရီးသွားဦးရေမှာ ၂၀၁၅ ခုနှစ်တွင် ၄ ဒသမ ၆ သန်း၊ ၂၀၁၆ ခုနှစ်တွင် ၂ ဒသမ ၉၁ သန်း၊ ၂၀၁၇ ခုနှစ်တွင် ၃ ဒသမ ၄၄ သန်း၊ ၂၀၁၈ ခုနှစ်တွင် ၃ ဒသမ ၅၅ သန်းဖြစ် ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနမှ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
