မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ် ၂၃ မြို့နယ်က တောင်သူများထံမှ ၂၀၁၈ ခု နှစ် မိုးရာသီ စိုက်စရိတ်ချေးငွေ ကျပ် ၇၃၈၇ ဒသမ ၇၆ သန်း ကောက်ခံရရှိပြီး ကျန်ရှိနေသည့် ကြွေးကျန်များကို မတ်လကုန်တွင် ပြန်လည်ကောက်ခံရရှိရန်အတွက် တောင်သူများအား တိုက်တွန်းနှိုးဆော်သွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (မန္တလေးဘဏ်ခွဲ)ထံမှ သိရသည်။
အဆိုပါ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေကို တိုင်းဒေသကြီးအနေနှင့် ဇူလိုင်တွင် ချေးငွေအပြီး ထုတ်ပေးနိုင်ခဲ့ကြောင်း၂၀၁၇ ခုနှစ် မိုးရာသီချေးငွေနှင့် နှိုင်းယှဉ်လျှင် ရှစ်ဘီလျံခန့် ချေးငွေလျော့နည်းခဲ့ကြောင်း ၂၀၁၉ ခုနှစ် မတ် ၃၁ ရက်နေ့ နောက်ဆုံးထားပြီး အကြွေးကျန်ဆပ်နိုင်ရန်အတွက် မြို့နယ် ဘဏ်ခွဲအားလုံးကို တိုက်တွန်းနှိုးဆော်မှာ ကြားထားသည်ဟုမြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (မန္တလေးဘဏ်ခွဲ)တိုင်းမန်နေဂျာ ဦးစုက ပြောကြားသည်။
“မြို့နယ်ပေါင်း၂၃ မြို့နယ်ကို ကျပ်သန်းပေါင်း ၁၈၆၂၈ ထုတ်ချေးဆောင်ရွက်ခဲ့တယ်။ ထို့နောက် ပြန်လည်ကောက်ခံရရှိတာ ကျပ် ၇၃၈၇ ဒသမ ၇၆ သန်း ကောက်ခံရရှိပြီး ဖြစ်ပါတယ်။ ရာခိုင်နှုန်းအားဖြင့် ၆ ဒသမ ၈ ရာခိုင်နှုန်းရှိပြီး ဖြစ်ပါတယ်။ ဒါကလည်း ကျွန်တော်တို့ ကောက်ခံရေးကာလမှာ လက်ရှိအချိန်က သီးနှံပေါ်စ ဖြစ်တဲ့အတွက် စတင် ကောက်ခံချိန် ဖြစ်ပါတယ်။ ဇန်နဝါရီကုန် လောက်ဆို ရာခိုင်နှုန်းအားဖြင့်အခုထက်ပိုပြီး ကောက်ခံဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ မန္တလေးတိုင်းဒေသကြီး၏ ရည်မှန်းချက်ကတော့ ၂၀၁၉ ခုနှစ် မတ် ၃၁ ရက် နောက်ဆုံးထားပြီး အကြွေးကျန်ဆပ်နိုင်ဖို့ မြို့နယ်ဘဏ်ခွဲအားလုံးကို စည်းရုံးပြီး တိုက် တွန်းနှိုးဆော်မှာကြားထားပါတယ်။ တောင်သူတွေအနေနဲ့ကလည်း ယခုနှစ်ကပိုပြီးတော့ မြန်မြန်ဆပ်မယ်လို့ ယုံကြည်ချက် အကြောင်းအရာတစ်ခုက ပုံစံ(၇)တွေ ကို ဘဏ်မှာ ချေးငွေမကြေမချင်း အပ်နှံထားမည်ဆိုတဲ့မူတစ်ခုနဲ့ ဆောင်ရွက်ခဲ့တာဖြစ်တဲ့အတွက် တောင်သူတွေရဲ့ပုံစံ(၇)တွေက ဘဏ်မှာရှိတဲ့ အတွက် တောင်သူတွေကလည်း သူတို့ရဲ့ သီးနှံပေါ်ပေါ်ချင်း ပြန်လည်ဆပ်ပြီး ပုံစံ(၇)ပြန်ကြမယ်။ ဒါကြောင့်မို့ ဒီနှစ် ၂၀၁၈ မိုး ချေးငွေ ကောက်ခံရေးသည့် ယခင်နှစ်တွေကထက် ပိုပြီးမြန်စွာ ပြန်လည်ကောက်ခံရရှိမယ်လို့ မျှော်လင့်ထားပါတယ်” ဟု တိုင်းမန်နေဂျာ ဦးစုက ပြောကြားသည်။
အဆိုပါ မိုးချေးငွေ ၂၀၁၈ ချေးငွေကို မြို့နယ် ၂၃ မြို့နယ်ရှိ တောင်သူ စုစုပေါင်း ၂၂၀၆၈၅ ဦး၏ စပါးဧက ၄၇၄၇၁၃ ဧက တခြားသီးနှံက ဧက ၇၄၈၄၃၃ ဧက ထုတ်ချေးနိုင်ခဲ့ပြီး စုစုပေါင်း ဧက ၁၂၂၃၁၄၆ ဧက ထုတ်ချေးခဲ့သည့် ချေးငွေပမာဏသည် ၁၀၈ ဒသမ ၆၂၈ ဘီလျံ ထုတ်ချေးခဲ့ကြောင်း၊ မြန် မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ယာသီးနှံများ စိုက်ပျိုးသည့် တောင်သူများအား စိုက်ပျိုး စရိတ်ချေးငွေအနေဖြင့် ယခင်က တစ်ဧက လျှင် ငွေကျပ်ငါးသောင်းနှုန်းဖြင့်သာ ထုတ်ချေးပေးရာက ယခုဘဏ္ဍာနှစ်တွင် တစ်ဧကလျှင် ကျပ်တစ်သိန်းနှုန်းအထိ တိုးမြှင့်၍ ထုတ်ချေးပေးခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ယူရာတွင် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက် မှတ် (ပုံစံ - ၇)မူရင်းကို ဘဏ်တွင် အပေါင်ထားရှိပြီး တောင်သူတစ်ဦးချင်း ကိုယ်တိုင် အာမခံစနှစ်နှင့် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
