သြစတြီးယားလက်ရွေးစင်နည်းပြ ရန်းညက်က မန်စီးတီးတိုက်စစ်မှူး ဟာလန်းသည် လက်ရှိတွင် ရီးယဲလ်တိုက်စစ်မှူး ဘာပေထက် ပိုကောင်းပြီး ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးဖြစ်ကြောင်း သုံးသပ်ခဲ့သည်။
နော်ဝေလက်ရွေးစင်တိုက်စစ်မှူး ဟာလန်း(၂၄ နှစ်)သည် ယခုရာသီတွင် ခြေစွမ်းပြနေပြီး ပရီးမီးယားလိဂ် (၃) ပွဲကစားပြီးချိန်တွင် ဟက်ထရစ်(၂) ကြိမ်အပါအဝင် (၇) ဂိုးအထိ သွင်းယူထားသည်။
ပြင်သစ်တိုက်စစ်မှူး ဘာပေ(၂၅ နှစ်)မှာမူ ယခုရာသီ ရီးယဲလ်အသင်းတွင် ရုန်းကန်နေရပြီး လာလီဂါ (၄) ပွဲတွင် (၂) ဂိုးသာ သွင်းယူထားနိုင်သေးသည်။
ထို့ကြောင့် ရန်းညက်က လက်ရှိတွင် ဟာလန်း က ဘာပေထက် ပိုကောင်းကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
"လွန်ခဲ့တဲ့ လအနည်းငယ်အထိ ဟာလန်းနဲ့ ဘာပေတို့က ကမ္ဘာပေါ်မှာ အကောင်းဆုံးတိုက်စစ်မှူးလို့ ကျွန်တော် ပြောမှာပါ။ ဒါပေမဲ့ အခုအချိန်မှာတော့ ဟာလန်းက အကောင်းဆုံးလို့ ကျွန်တော် ထင်ပါတယ်။ ဘာလို့လဲဆိုတော့ အခုအချိန်မှာ ဘာပေ က ထိပ်တန်းခြေစွမ်းမပြနိုင်သေးလို့ပါ။ ဟာလန်းဆီမှာ ပြစ်ချက်ရှာဖို့ ခက်ပါတယ်။ လူကောင်ကြီးပြီး မြန်လည်းမြန်တယ်။ လေပေါ်ခုန်နိုင်စွမ်းကလည်း အံ့မခန်းပါပဲ"ဟု ၎င်းက ပြောကြားခဲ့သည်။
ဟာလန်းနှင့် ဘာပေတို့ သည် Ballon d'Or ဆုကိုအပြိုင်လုမည့်သူများအဖြစ် သတ်မှတ်ခံထားရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
