စက်တင်ဘာ (၁၁) ရက် နေ့လယ်ပိုင်းတွင် တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်အတွင်း ကျောက်တောင်တွင် မြေပြိုမှုဖြစ်ပွားခဲ့ပြီး အိမ် (၁၀) လုံးအိမ်ဝန်းကျင်ခန့်ပါသွားကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
ပုန်းထွန်ရပ်ကွက်အတွင်း ခရစ်ယာန်သင်္ချိုင်းအနောက်ဘက်ရှိ ရာဘာခြံအနီး ဝမ်မိုင်ရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းမြေပြိုမှုဖြစ်စဉ်ကြောင့် ကလေ-းငယ်တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ အသက်အန္တရာယ်ရှိနေသူများလည်းရှိ၍ အကူအညီများ လိုအပ်နေကြောင်း သိရသည်။
” အခုထိ လူတွေရှာနေတုန်း။ (၁၀) အိမ်လောက်ပါ သွားတယ်။ သူက ရာဘာခြံဘက်ကနေ ပြိုကျလာတာ။ အဲဒီမြေပြိုတာမတိုင်ခင် အဲဒီတောင်ကနေ အော်သံတွေကြားရတယ်။ ပြီးတော့ရုတ်တရက်ကြီး ပြိုကျလာတာ။ ရုတ်တရက်ကြီးဆိုတော့ ရှောင်ချိန်မရကြဘူး” ဟု ပုန်းထွန်ရပ်ကွက်နေသူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။
မယ်ဆိုင်ချောင်းရေမြင့်တက်မှုကြောင့် တာချီလိတ်မြို့ပေါ် ရှိ နေရာအများအပြားတွင် ရေနစ်မြုပ်မှုဖြစ်ပွားခဲ့ပြီး ယနေ့စက်တင်ဘာလ(၁၂)ရက်နေ့ နံနက်ပိုင်းတွင် ရေများကျသွားပြီးနောက် ရွှံ့နွံများတင်ကျန်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – အင်တာနက်




-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
