ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် ယနေ့ စက်တင်ဘာလ (၁၂)ရက် နံနက် (၇)နာရီအချိန်မှစတင်၍ မယ်ဆိုင်ချောင်းရေ ပြန်လည်ကျဆင်းခဲ့ပြီဖြစ်ရာ၊ မြို့ပေါ်ရပ်ကွက်နှင့် လမ်းများပေါ်တွင် ပျက်စီးနေမှုများနှင့်အတူ ရွှံ့နွှံများလည်း ကျန်ရှိခဲ့ကြောင်း သိရသည်။
ထိုင်း-မြန်မာချစ်ကြည်ရေးအမှတ် (၁) ချစ်ကြည်ရေးတံတား အပါအဝင် အဝိုင်းပတ်၊ ခရိုင်နှင့် မြို့နယ် စုပေါင်းရုံး၊ မြို့နယ် အကောက်ခွန်ဦးစီးဌာနရုံး၊ ရီဂျီးနားဟိုတယ်အနောက်နှင့် မြို့တွင်းနေရာများတွင် ပျက်စီးဆုံးရှုံးမှုနှင့် ရွှံ့နွံများ ကျန်ရှိခဲ့ကြောင်း ဒေသတွင်းသတင်း ဖော်ပြချက်များအရ သိရသည်။
လက်ရှိတွင် ရေတင်ကျန်ခဲ့သည်နေရာများလည်းရှိနေသေးပြီး၊ ရေပြန်လည်ကျဆင်းသွားပါက ပြန်လည် ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် အကူအညီများလိုအပ်နေကြောင်း သိရသည်။
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့သည် ယခုနှစ် ဩဂုတ်လအတွင်း တစ်ကြိမ် ၊ စက်တင်ဘာလအတွင်း တစ်ကြိမ်မယ်ဆိုင်ချောင်းရေမြင့်တက်မှု့ကြောင့် ရေကြီးရေလျှဲဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ၊ ယခုလ ရေကြီးရေလျှံဖြစ်ပွားမှုသည် အဆိုးဝါးဆုံး အခြေအနေသို့ ရောက်ရှိခဲ့ခြင်းလည်းဖြစ်သည်။
ဓာတ်ပုံ-CJ











-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
