ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့၌ ယနေ့ စက်တင်ဘာ(၁၂)ရက် နံနက်ပိုင်းတွင်
ရေပြန်လည်ကျဆင်းပြီးနောက် ဖုန်းလိုင်းများ ယာယီပြတ်တောက်နေကြောင်း သိရသည်။
မြဝတီမြို့ သောင်ရင်းမြစ်ရေသည် စက်တင်ဘာ (၁၀)ရက်နေ့ ညနေပိုင်းမှစတင်၍ မြင့်တက်လာခဲ့ပြီးနောက် စက်တင်ဘာ (၁၁)ရက်နေ့တွင် မြို့ပေါ်ရပ်ကွက်များအထိ ရေကြီးရေလျှံဖြစ်ပေါ်နေရာမှ ယနေ့ စက်တင်ဘာ(၁၂)နံနက်ပိုင်းတွင်ရေပြန်လည်ကျဆင်းသွားပြီဖြစ်ကြောင်း သိရသည်။
သို့သော် ယနေ့နံနက်ပိုင်း (၁၁)နာရီ အချိန်အထိ ဖုန်းလိုင်းများပြတ်တောက်နေပြီး၊ ရေကြီးမှုဖြစ်စဉ် အခြေအနေအတွက် ဒေသခံလူမှုကယ်ဆယ်ရေးအဖွဲ့များထံသို့ ဆက်သွယ်ရာတွင် ဖုန်းခေါ်ဆို၍ မရရှိခဲ့ပေ။
” ညကနေ တစ်ဖြည်းဖြည်းကျတယ်ပြောတယ်။ ဒီမနက်တော့ကျသွားပါပြီ။မြဝတီဘက် ဖုန်းလိုင်းတွေ ခေါ်မရဘူး ပြတ်နေတယ်”ဟု မြဝတီလူမှုကယ်ဆယ်ရေးအသင်းတစ်ခုနှင့် မိတ်ဖက်အဖွဲ့ဖြစ်သည့် မော်လမြိုင် လူမှုကယ်ဆယ်ရေးအဖွဲ့တာဝန်ခံတစ်ဦးကပြောသည်။
ဒေသခံ တစ်ဦးဖြစ်သည် “ဘီဝမ်း” အကောင့်ပိုင်ရှင်၏ ဖေ့ဘွတ်လူမှုကွန်ယက်စာမျက်နှာတွင် ယနေ့ စက်တင်ဘာ (၁၂) ရက် နံနက်(၆)နာရီခွဲအချိန်တွင် သောင်ရင်းမြစ်ရေ ပြန်လည်ကျဆင်းနေကြောင်းနှင့် အနိမ့်ပိုင်းတွင်နေထိုင်သည့်ဒေသခံများ နေအိမ်နှင့်လမ်းများကို သန့်ရှင်းရေး စတင်ပြုလုပ်နေပြီဖြစ်သည်ဟု ရေးသားမျှဝေထားသည်ကိုတွေရသည်။
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့သည်
ယခုနှစ် ဇူလိုင်လ နောက်ဆုံးပတ်အတွင်း တစ်ကြိမ်၊ ယခု စက်တင်ဘာလ ဒုတိယပတ်အတွင်း တစ်ကြိမ် သောင်ရင်းမြစ်ရေမြင့်တက်မှုကြောင့် ရေကြီးရေလျှံဖြစ်ပွားခဲ့ရသည်။
ဓာတ်ပုံ-ဘီဝမ်း


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
