မိုးလေဝသ ခန့်မှန်းချက်အရ “ဝ”ဒေသအတွင်းရေကြီးရေလျှံမှုများ ထပ်ရှိလာနိုင်သဖြင့် ဒေသခံများအနေဖြင့် ကြိုတင်ပြင်ဆင်ထားကြရန်နှင့် ဘေးကင်းရာကို ရွှေ့ပြောင်းနေထိုင်ကြရန် အာဏာပိုင်အဖွဲ့ ကသတိပေးနှိုးဆော်ထားကြောင်း သိရသည်။
အဆိုပါ သတိပေးချက်ကို ယနေ့ စက်တင်ဘာ (၁၂)ရက် မွန်းလွဲပိုင်းအချိန်၌ “ဝ”ဒေသအခြေစိုက် Wa News Land မှတဆင့် နှိုးဆော်ထားသည်ကိုတွေ့ရပြီး၊ သဘာဝဘေးအန္တရာယ် ကြုံနေရသည့် ဒေသခံများမိုင်းပေါက် တရားရေးကော်မတီထံသို့ ဖုန်းဆက်၍ အကူအညီ တောင်းခံနိုင်ကြောင်း ဆိုထားသည်။
လက်ရှိတွင် ပြီးခဲ့သည့် ရက်ပိုင်းက ရေကြီးရေလျှံဖြစ်ပွားခဲ့သည့် မိုင်းပေါက်မြို့အတွင်းတွင်လည်း ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လုပပ်ဆောင်နေကြကြောင်း သိရသည်။
“ဝ” ဒေသမိုင်းပေါက်မြို့တွင် စက်တင်ဘာ(၉)ရက်နေ့ ၌ ရေကြီးရေလျှံဖြစ်ပွားခဲ့ရာ၊ အဆိုပါ ဖြစ်စဉ်အတွင်း လူနေအိမ်များ ၊ မော်တော်ယာဉ်များ နှင့် လမ်းပိုင်းများ ပျက်စီး ဆုံးရှုံးခဲ့ရသည်။
ဓာတ်ပုံ- WSTV (Screen Grab)






-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
