နေပြည်တော်၊ ပျဉ်းမနားမြို့ ဆင်ေ-သရွာသို့ စမ်းချောင်းအရန်မီးသတ်တပ်ဖွဲ့မှ ယနေ့ စက်တင်ဘာ (၁၂)ရက်က သွားရောက် ကယ်ဆယ်ရေးလုပ်ဆောင်ရာ ကြံပင်များထဲ ပိတ်မိနေသည့် က-လေး လူကြီး (၃၄)ဦးကို ကယ်တင်နိုင်ခဲ့ပြီး ေ-သဆုံးရုပ်အလော-င်း တစ်လေ-ာင်း ဆယ်ယူရရှိခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် စက်တင်ဘာ (၁၀) ရက်မှ စတင်၍ မိုးများ အဆက်မပြတ် ရွာသွန်းခဲ့ရာ ပျဉ်းမနားမြို့တွင်း ဖြတ်သန်းစီးဆင်းသည့် ငလိုက်ချောင်း၊ ဆင်သေချောင်း၊ ပျဉ်းမနားမြို့ အရှေ့ဘက်ခြမ်းရှိ ပေါင်းလောင်းမြစ်ဘေး အနိမ့်ပိုင်းတွင် နေထိုင်ကြသည့် ကျေးရွာများအတွင်း ရေဝင်ရောက်မှုများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“ရေစီးသန်သန်ကို speed boat နဲ့ အသက်တွေကို လောင်းကြေးထပ်ပြီး သွားကယ်ရတာ။ တစ်ညလုံး အပင်ကို ဖက်ပြီး ရေထဲနေရတဲ့ ကြံခင်းတွေထဲ ကြောက်လန့်နေတဲ့ ကလေး-လူကြီး ၃၄ ဦး de@d body တစ်ဦး အား ဆယ်ယူကယ်ဆယ်ရရှိခဲ့ပါတယ်။”ဟု စမ်းချောင်းအရန်မီးသတ်တပ်ဖွဲ့မှ ရဲသူရိန်က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။
ထိုသို့ နိုင်ငံတဝန်း ရေကြီး/ရေလျှံမှုများကြောင့် ဒေသတွင်းပိတ်နေသူများ အသက်ဆုံးရှုံးခဲ့ရသူများရှိနေပြီး ရမည်သင်းမြို့နယ်အတွင်း (၁၀)ဦး ရေနှင့်မျောပါကာ အသက်ဆုံးရှုံးခဲ့ရပြီး ရှမ်းပြည်နယ် တောင်ပိုင်း အောင်ပန်းမြို့တွင်လည်း (၅)နှစ်အရွယ် ကလေ-းငယ် တစ်ဦး ရေနစ်အသက်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။
မြန်မာနိုင်ငံတွင်း ရေကြီး/ရေလျှံမှုများ ဖြစ်ပွားလျက်ရှိသည့် နေရာဒေသများသို့ ရန်ကုန်၊ မန္တလေးအခြေစိုက် လူမှုကူညီရေးအသင်းများနှင့် ပရဟိတအဖွဲ့ အသီးသီးက ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။



-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
